#Uni
Graduation Day
ဒီနေ့ကဘွဲ့ယူတဲ့နေ့လေးတစ်ရက်ဖြစ်တယ်။နောက်ဆုံးနှစ် စာမေးပွဲဖြေပီးကတည်းက ကောင်းဆက်အတွက် မန္တလေးကိုအခုမှပြန်ရောက်ခြင်းဖြစ်တယ်။စာမေးပွဲဖြေပီးတာနဲ့ ဘုန်းနဲ့အတူရန်ကုန်ကိုလိုက်သွားတယ်။ကောင်းဆက်မိဘနဲ့ဘုန်းဒယ်ဒီတို့လည်း အတော်ရင်နှီးနေကျပီ။ကောင်းဆက်နဲ့ရတုကတော့ လုပ်ငန်းတွေကိုခွဲပီးလုပ်ရတယ်။ဘုန်းက Hotelနဲ့ခရီးသွားလုပ်ငန်းတွေကို တာဝန်ယူတယ်။ဆက်ကတော့ ဆောက်လုပ်ရေးနဲ့တခြားလုပ်ငန်းတွေတာဝန်ယူတယ်။အခုဆို သူတို့နှစ်ယောက်လုံးဟာ Crownရဲ့ CEOပေါက်စလေးတွေဖြစ်တယ်။ဦးမင်းနေရောင်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတွေကို သားနှစ်ယောက်ကိုဦးစီးစေတယ်။ဆက်နဲ့ဘုန်းကတော့ ညရောက်ရင်ကလေးတွေကျောင်းကပေးလိုက်တဲ့စာကို မိဘနဲ့အတူပြန်လုပ်ရသလို လုပ်ငန်းတွေကို ဦးမင်းနေရောင်စီပြန်တင်ပြရတယ်။ဆက်တစ်ယောက် သရဖူစံအိမ်ရောက်တော့လည်း ဘုန်းနဲ့အတူမနေပါ။ကျတော်နဲ့ဘုန်းက လက်မထပ်ရသေးတဲ့အတွက် တစ်ခန်းထဲအတူမနေဖြစ်ဘူး။အိမ်မှာလူကြီးရှိတယ်လေ ဟိုစကားပုံအတိုင်းပဲ သိတာသိမမြင်စေနဲ့ အဲ့လိုပေါ့။အဲ့ဒါကြောင့် ဒယ်ဒီအိပ်မှ ဘုန်းအခန်းထဲခိုးဝင်တယ်။
"ဆက်....!
မင်းကိုငါ လုံးဝမကျေနပ်ဘူး""အဲ့မြေကွက်က ငါတကယ်လိုအပ်လို့ပါကွာ..."
"ငါလည်း လိုအပ်တာပဲလေ...
မင်း ငါလိုချင်မှန်းသိလို့ ငွေကိုလိုတာထက်ပိုပေးပီးဝယ်လိုက်တာမလား...""မဟုတ်ရပါဘူးကွာ အဲ့နေရာမှာကိုယ်က car showrooms အသစ်ထပ်ဖွင့်ချင်လို့ အရင်ကတည်းက လိုချင်နေတာ...တစ်ဖက်ကထုတ်ရောင်းတာနဲ့ အဆင်ပြေသွားတာ...
မောင်လိုချင်နေမှန်း ကိုယ်တကယ်မသိတာ""ငါ့ကိုပြန်ရောင်း "
"ကျစ် ....ငါ အဲ့နေရာမှာ showroomsဖွင့်ဖို့ အကုန်စီစဉ်ပီးသွားပီ မနက်ဖန်ဆိုရင်တောင်စလုပ်တော့မှာ......"
".................."
"မောင် အဲ့ဒါဘာဖြစ်တာလည်းကွာ
ကို့ကို စိတ်ဆိုးသွားတာလား"
VOCÊ ESTÁ LENDO
One & Only [Completed]