Part(15)

6.8K 457 2
                                    

#Uni

"ကောင်းဆက်အခု ဘယ်ဘုရားသွားမလဲ"

"ကုသိုလ်တော် သွားမယ်လေ"

ကျတော်နဲ့ဘုန်း ‌မန္တလေးတောင်ခြေဘက်ထွက်လာခဲ့တယ်။ကုသိုလ်တော်ရောက်တော့ ကြာပန်းတစ်ယောက်တစ်စီးနဲ့ဘုရားလှူတယ်။ပီးတော့ ဘုန်းနဲ့အတူ ဓာတ်ပုံရိုက်တယ်။သနပ်ခါးကတော့ မလိမ်းဖြစ်ဘူး။

"ကောင်းဆက် ပြောတော့လေ ကိုယ့်တာဝန်ကိုယ်မေ့နေတာလား"

"မမေ့ပါဘူးကွာ ပြောမယ်နော် ကုသိုလ်တော်ဘုရားက မန္တလေးတောင်ခြေမှာရှိပြီး ခရစ်နှစ် ၁၈၆၈ခုမှာ ပြုလုပ်ခဲ့တဲ့ မင်းတုန်းမင်း၏ ကုသိုလ်တော်ဖြစ်တယ်။ ၁၈၇၁ခုမှာ ကျင်းပမယ့် ပဉ္စမသင်္ဂါယနာတင်ပွဲအတွက် ရည်ရွယ်ပြီး လှူဒါန်းခဲ့တာလို့ သိရတယ်။ ကုသိုလ်တော်ဘုရားဝန်းမှာ စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ကျောက်စာချပ်ပေါင်း ၇၂၉ချပ် ရှိတယ်။ ဝိနည်းကျောက်စာ ၁၁၁ချပ်၊ အဘိဓမ္မာကျောက်စာ ၂၀၈ချပ်၊ သုတ္တန်ကျောက်စာ ၄၁၀ချပ် နှင့် မင်းတုန်းမင်း၏ ကုသိုလ်တော်ကျောက်စာ ၁ချပ် ဆိုပြီး ကမ္ဗည်းကျောက်စာ ရေးထိုးထားတယ်။ ထုံးဖြူဖြူစေတီဝန်းကို ဝင်လိုက်တာနဲ့ စိတ်ကြည်နူးအေးချမ်းခြင်းကို ခံစာရတယ်မလား။

"အင်း ကုသိုလ်တော်ဘုရားကိုလာရတာ တကယ်သဘောကျတယ်သိလား"

"နောက် ခနခနလာကျမယ်"

"အင်း"

"အခုဘယ်သွားမလည်း"

"ဟိုမှာမြင်နေရတဲ့ စန္ဒာမုနိစေတီ သွားမယ်လေ"

"နီးနီးလေး"

"အင်း လမ်းလေးဘဲခြားတာ"

စန္ဒာမုနိစေတီရောက်တော့ ဘုရားသမိုင်းကို ဆက်ပြောပြတယ်။

" စန္ဒာမုနိစေတီက တိုင်းပြည်ကံဆိုးခြင်းတွေက သည်နေရာမှာ စတင်ခဲ့တယ်လို့တောင် ဆိုရပါတယ်။ စက်ရုံအလုပ်ရုံတွေဆောက်ပြီး တိုင်းပြည်တိုးတက်ဖို့၊ လက်နက်အင်အား တောင့်တင်းဖို့ ကြံဆောင်နိုင်ခဲ့တဲ့ အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရတဲ့ နေရာဖြစ်လို့ပါပဲ။ မင်းတုန်းမင်းဟာ ယာယီစံနန်းဖြစ်တဲ့ နန်းမြေဘုံသာစံနန်းကို ဖျက်သိမ်းပြီး ညီတော်ကနောင်မင်းသားနှင့် သားတော်တို့ရဲ့ ရုပ်အလောင်းကို ဂူသွင်း သဂြိုဟ်ခဲ့တယ်။ ဂူနှင့် ၂တောင်အကွာမှာ စန္ဒာမုနိစေတီတော်ကို တည်ထားစေခဲ့တယ်။ အချိန်ကတော့ မြန်မာသက္ကရာဇ် ၁၂၂၉ခုနှစ် မှာ စန္ဒာမုနိစေတီမှာ အဓိက လေ့လာစရာ ၂နေရာရှိတယ်။ စန္ဒာမုနိရုပ်ပွားတော်နှင့် ရသေ့ကြီးဦးခန္တီရဲ့ ကျောက်စာဂူများဖြစ်ကြတယ်။
ခရစ်နှစ် ၁၈၀၃ခုမှာ ဘိုးတော်ဘုရားဟာ မဟာစန္ဒာမုနိစေတီတော်မှာ ထားရှိ ကိုးကွယ်ဖို့အတွက် သံပိဿာချိန် ၁၁၃၆၈ပိဿာ အလေးချိန်ရှိတဲ့ သံထည် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို မင်းကွန်း နန်းတော်ကျွန်းရွာတွင် ထုလုပ်စေခဲ့တယ်။ လမင်းကဲ့သို့ အသရေရှိသောကြောင့် စန္ဒာမုနိဟု ဘွဲ့ကပ်လှူခဲ့တယ်။ မဟာစန္ဒာမုနိစေတီ တည်ပြီးတော့ စန္ဒာမုနိရုပ်ပွားတော်ကို မင်းကွန်းကနေ အမရပူရမြို့သို့ ပင့်ဆောင် ကိုးကွယ်ခဲ့တယ်။ ဘိုးတော်ဘုရား၏မြေး ဘကြီးတော်မင်း လက်ထက်မှာ အင်းဝသို့ ပင့်ဆောင်ပြီး အင်းဝစန္ဒာမုနိစေတီမှာ ထားရှိ ကိုးကွယ်တယ်။ ဘကြီးတော်၏ညီ သာယာဝတီမင်းလက်ထက် ၁၈၃၈ခုမှာ အင်းဝကနေ အမရပူရမြို့ရှိ မူလ မဟာစန္ဒာမုနိစေတီဆီသို့ ပြန်လည် ပင့်ဆောင်လာခဲ့တယ်။ သာယာဝတီမင်း၏သားတော် မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၉ခုမှာ မန္တလေးတောင်ခြေမှာရှိတဲ့ စန္ဒာမုနိစေတီသို့ ပြောင်းရွှေ့ ကိုးကွယ်ခဲ့တာ ယနေ့တိုင်ထိပဲ။
မြန်မာသက္ကရာဇ် ၁၂၇၅ခုမှာ ရသေ့ကြီးဦးခန္တီမှ ကျောက်စာဂူနှင့် ဓမ္မစေတီများကို စန္ဒာမုနိစေတီကို ရံပြီး ဆောက်လုပ်လှူဒါန်းခဲ့တယ်။ မင်းတုန်းမင်း၏ ကောင်းမှုတော် ကုသိုလ်တော်ဘုရားနှင့် ခပ်ဆင်ဆင် တူတယ်။ အဌကထာနှင့် ဌီကာ ကျောက်စာဂူပေါင်း ၅၀၈ဂူ၊ ကျောက်စာချပ်ရေ ၁၅၂၄ချပ်၊ ဓမ္မစေတီပေါင်း ၇၅၈ဆူ၊ ကျောက်ချပ်ပေါင်း ၁၇၇၄ချပ် ဖြင့် ပူဇော်ခဲ့တယ်လေ"

One & Only [Completed]Wo Geschichten leben. Entdecke jetzt