Part(26)

6.1K 407 7
                                    

#Uni

ကျောင်းပိတ်ရက်တွေကုန်လို့ ၁၂လပိုင်းကျောင်းဖွင့်ချိန်တောင်ရောက်လာပီ။‌ဘုန်းမွေးနေ့ပွဲကပြန်ရောက်ပီး နောက်ပိုင်း Cafe nightကို မော်ကွန်းနဲ့ရတု လက်ထဲပဲအပ်ထားတယ်။ဘုန်းကလည်းအရင်ကထက်ပိုအလုပ်ရှုပ်လာတယ်။ကျတော်လည်း ဒယ်ဒီလူရုံဦးသီဟဆီမှာ crownရဲ့ဆောက်လုပ်ရေးနဲ့ပတ်သတ်တဲ့အလုပ်တွေသင်ယူရတယ်။မန္တလေးမှာရှိတဲ့ crown car showroomsတွေကိုလည်း တစ်ပတ်တစ်ခါစစ်ရတယ်။

"ဆက် မင်းပင်ပန်းနေပီလား"

"မပင်ပန်းပါဘူးကွာ..."

"ငါနဲ့ဒယ်ဒီကို အားမနာနဲ့ မင်းဝါသနာပါတာပဲလုပ်ပါ့လား ဒီအလုပ်တွေငါတစ်ယောက်ထဲလည်း စီမံနိုင်ပါတယ်"

"ဘုန်း ငါကအားမနာဘူး မင်းကအားနာနေတာ။ငါဝါသနာပါတဲ့အလုပ်လုပ်ရအောင်လည်း ငါမှာဝါသနာဆိုပီးအထူးတလဲမရှိဘူး
အဲ့ဒါကြောင့်ငါ့အတွက်အဆင်ပြေတယ် ဖြစ်နိုင်ရင် ငါပဲအကုန်လုပ်ချင်တယ် ငါ့ကောင်လေးကို အေးအေးဆေးဆေးလေး နေစေချင်တာ"

"အရမ်းချစ်တယ်"

"ဟင်အင်း မင်းကအရမ်းမချစ်နဲ့ ငါကပဲမင်းအစားပိုချစ်ပေးမယ်"

"ချစ်လိုက်တာ ငါမနက်ဖန်လေယာဉ်နဲ့အစောရောက်မှာနော်"

"ဟုတ်ကဲ့ပါဗျ ကျတော်အစောလာကြိုပါမယ်ဗျ ဒါနဲ့ဘုန်း ငါ့အိမ်မှာပဲနေပါ့လား အမေတို့ကလည်း မင်းကိုအိမ်မှာပဲနေစေချင်တာ"

"မနေချင်ပါဘူးကွာ လူကြီးတွေကိုအားနာတယ်"

"ဘာအားနာစရာရှိလို့လည်း"

"မသိဘူးကွာ ဒီတိုင်းပဲအားနာတာ"

"မင်းသဘော မင်းသဘော"

.
.
.
တံတားဦးလေဆိပ်မှာ ဘုန်းကိုအစောသွားစောင့်နေတယ် ။လေယာဉ်ဆိုက်ချိန်ရောက်တော့ ကားပေါ်ကဆင်းပီး သွားစောင့်နေလိုက်တယ်။တွေ့ပါပီ အပေါ်အောက်အဖြူရောင်တွေကြည့်ဝတ်ထားတဲ့ကောင်လေး ကျတော့်ကိုမြင်တာနဲ့ အစွယ်လေးတွေပေါ်အောင်ရီပြလာတယ်။

"ရောက်နေတာကြာပီလား"

"နဲနဲကြာပီ မင်းလေးကစောင့်ရတာမှမကြိုက်တာ အဲ့တော့ကိုယ်ကပဲ ကြိုစောင့်ပေးရတာပေါ့ကွာ"

One & Only [Completed]Where stories live. Discover now