#Uni
မနေ့က တစ်ရက်ကျောင်းမသွားဖြစ်ဘူး ဒီနေ့တော့ သွားရမယ်။ကျောင်းသွားဖို့ ပြင်ဆင်ပီး သူငယ်ချင်းသုံးယောက်ကို စောင့်နေလိုက်တယ်။မနက်စာကိုတော့ ကျောင်းရောက်မှသာ စားဖြစ်တယ်။
"သိင်္ဂါရေ.....သွားမယ်ဟေ့..."
"အေးအေး လာပီ ...."
ကျောင်းရောက်တော့ ကန်တင်းကိုသာ အရင်ပြေးကျတယ် ။စားစရာတွေမှာနေချိန် ကောင်းဆက်ကတော့ ကျတော်ကို သေချာကြည့်နေတယ်..
"ကောင်းဆက် ..ဘာလို့အဲ့လိုကြီးကြည့်နေတာလည်း.. ငါကြောက်တောင်လာပီ..."
"မင်းမတည့်တာတွေ မစားနဲ့နော်.. "
"အင်းပါ.."
"ကောင်းဆက်..နင်က စိတ်ပူတယ်ပေါ့..."
"ဟုတ်တယ် နင်တို့နှစ်ကောင်ထက် သူ့ကိုပိုစိတ်ပူတယ်.. "
"စောက်ပိုကောင်...."
မနက်စာ စားပီး အတန်းတက်ကျတယ်။ပထမစာသင်ချိန်ပီးတဲ့အချိန် အရမ်းကြည့်ကောင်းတဲ့ ကောင်မလေးတစ်ယောက် အတန်းထဲဝင်လာတယ်။ကျတော်လည်း သေချာကြည့်လိုက်မိတယ်။
"သိင်္ဂါ ကြည့်လှချည်လား... "
"အင်း....သူကဘယ်သူလည်း..."
"ငါတို့ major queenလေ မာယာဆူး ..."
"သူ့ကို အခုမှ ငါမြင်ဖူးတာပဲ..."
"သူက အဲ့လိုပဲ ကျောင်းကို ဒီအချိန်မှစတက်တာပဲ...."
"ဪ ...."
တစ်ချိန်လုံး ငြိမ်နေတဲ့ ကောင်းဆက်က
"ဘာလည်း မင်းကစိတ်ဝင်စားလို့လား..."
"ငါက စိတ်ဝင်စားစရာလား မင်းငါ့အကြောင်းသိရဲ့သားနဲ့..."
"စိတ်မဝင်စားလည်း ပီးတာပဲ.."
ဘာလည်း ကောင်းဆက်က မာယာဆူးဆိုတဲ့ တစ်ယောက်ကို စိတ်ဝင်စားနေလို့လား
တီချယ်စာသင်နေတဲ့အချိန် Final ကအကိုတွေ အခန်းထဲဝင်လာကျတယ်"ကဲ ညီလေးညီမလေးတို့ အားကစားပွဲတွေလာတော့မှာနော်...အဲ့ဒါကြောင့် ကိုယ့်majorအတွက် ပါဝင် ယှဉ်ပြိုင်ပေးကျအုံးနော်.....အဲ့ဒါကြောင့် ညီလေးတို့ညီမလေးတို့ ECတွေစီမှာ စာရင်းလေးပေးပေပါနော်..."
YOU ARE READING
One & Only [Completed]