Part(31)

6.3K 367 2
                                    

#Uni

ဆက်တစ်ယောက် အခုချိန်ထိမအိပ်ရသေးဘူး။မနက်ဖန်ဟန်နီးမွန်းမထွက်ရရင် အသေပဲလို့ကြိမ်းထားသောကြောင့် အဝတ်စားအိတ်တွေကားပေါ်တင်ပီး အသစ်စက်စက်ယောကျာ်းကိုပါ တစ်ခါထဲကားပေါ်ပွေ့တင်ပီး ဟန်နီးမွန်းထွက်ခဲ့ရသည်။တော်သေးတာပေါ့ ဟန်းနီးမွန်းကို ချောင်းသာပဲရွေးခဲ့လို့ overseaဆို ကောင်းဆက်ဟံသာတို့ ဒုက္ခရောက်ပီ။ဘုန်းကတော့ အတော်ပင်ပန်းသွားလို့ထင်တယ် အခုထိအိပ်နေဆဲ။ဘုန်းတစ်ယောက်အိပ်လာတာ ချောင်းသာရောက်တဲ့အထိမနိုးတာကြောင့် ဆက်ကပဲပွေ့ပီးအခန်းထဲက ကုတင်ပေါ်တင်ပေးထားတယ်။ဒါတောင်အခုချိန်ထိ တုပ်တုပ်မျှမလှုပ် ဆက်လည်းပင်ပန်းလာတာကြောင့် ဘေးမှာဝင်ပီးအိပ်လိုက်တော့တယ်။

ဘုန်းတစ်ယောက်နိုးလာတော့ ညနေပင်စောင်းနေပီ။မျက်လုံးများမဖွင့်ချင်လောက်အောင် အိပ်ပျော်နေသည်။အောက်ပိုင်းကလည်း လှုပ်လိုက်တာနဲ့နာနေတုန်း။အချိန်သိချင်တာကြောင့် ဘေးနားကဖုန်းကိုယူကြည့်လို့ ၄နာရီ။

"ဟင် ၄နာရီက မနက်လား ညလား"
ဘေးနားက Pmဆိုတဲ့ စကားလုံးလေးကိုတွေ့မှ

"အား......ဆက်....!
အခုထ ...အခုချက်ချင်းထ...!"

"ဘုန်းရာ ဘာလို့အော်နေတာလည်း ကိုယ်အိပ်ရေးမဝသေးဘူး"

"ဘာ အိပ်ရေးမဝဘူးဟုတ်လာ...!
ထနော်.... အခုချက်ချင်းထ
မထရင် ငါထိုးမှာနော် မင်းကို.."

"ကျစ်...ထပီ ထပီ ဘာလည်းပြောကွာ"

"အခုဘယ်အချိန်ရှိနေပီလည်း...!"

"ခန ကိုယ်ကြည့်လိုက်အုံးမယ်...
ညနေ ၄နာရီရှိပီ..."

"ငါ မနေ့ကမင်းကိုဘာပြောလည်း ငါဟန်နီးမွန်းသွားမယ်လို့မပြောဘူးလား....."

"အခုလည်း ကိုယ်တို့ဟန်နီးမွန်းထွက်လာပီလေကွာ...."

"အိပ်ယာပေါ်မှာ ဟန်နီးမွန်းထွက်သာလားကွ...!"

"မောင်...ပတ်ဝန်းကျင်ကို အရင်ကြည့်ပါအုံးကွာ..."

ဘုန်းတစ်ယောက် ကုတင်ပေါ်ကနေ အခန်းကိုကြည့်လိုက်တော့
"ဟင်...ဒါငါတို့အခန်းမဟုတ်ဘူး"

One & Only [Completed]Where stories live. Discover now