Part(25)

6.6K 442 8
                                    

#Uni

အခန်းထဲ၆ယောက်ထိုင်ပီး လေပေါးနေတာအတော်ပင်ကြာသွားသည်။ဒယ်ဒီက ထမင်းစားဖို့ခေါ်မှ အောက်ထပ်ဆင်းပီး ထမင်းစားကျတယ်။နေ့ခင်းဘက်ထမင်းစားသောက်ပီး အတော်ကြာမှဇတစ်ယောက်ပြန်သွားတယ်။ဒါတောင် ညနေကျရင်ကားပတ်မောင်းမယ်တဲ့ ။ဇပြန်သွားတော့ ကျတော်တို့၅ယောက်ဆက်ပီးလေပေါးတာပေါ့။ဆက်ရဲ့ညီလေးက ဇပြောသလို တကယ်ဝက်ပေါက်လေး ချစ်စရာလည်းအတော်ကောင်းတယ်။၅နာရီလောက် ဇလာမယ်ဆိုလို့ ဒယ်ဒီကိုကြိုပီးခွင့်တောင်းရတယ်။ကားပတ်မောင်းမယ်ဆိုတော့ T shirtအဖြူရောင်ရယ် စတိုင်ပန်(န်)အနက်ရောင် ဒူးအထက်အတိုလေးပဲဝတ်ထားလိုက်တယ်။အဝတ်စားလဲပီး ဆက်တို့အခန်းကိုကူးလာလိုက်တယ် ။ဆက်ကတော့ ကိုယ်နဲ့ဆန်ကျင်ဘက် T shirtအနက်ရောင်ကို sweat pantsဘောင်းဘီအနက်ရောင်နဲ့ တွဲဝတ်ထားတယ်။ အတော်ကိုမိမိုက်နေတာကြောင့် ကျတော်တစ်ချက် နာခေါင်းချုံ့လိုက်တယ်။

"ဆက်....!"

"ဘုန်း...လာငါ့ပေါ်လာထိုင်"

"မထိုင်ဘူး...!"

"ဘာလို့လည်း "

"အမြင်ကပ်လိုလေ..!"

"ငါ ဘာလုပ်ထားလို့လည်း"

"မသိဘူးကွာ ဘာလို့အဲ့လောက်မိုက်နေတာလည်း"

"အဟက် ဘာများလဲလို့ကွာ ငါဝတ်ထားတာလုံလုံခြုံခြုံ မင်းဝတ်ထားတာပြန်ကြည့်အုံး ဟိုဖော်ဒီဖော်နဲ့"

"ဘာဖြစ်လည်း..."

"ဘာမှမဖြစ်ပါဘူးကွာ ချစ်ဖို့ကောင်းလို့"

"အပိုတွေ"

ရတုကတော့ အခန်းထဲဝင်လာတုန်းက ထသတ်တော့မလိုအကြည့်နဲ့ကြည့်နေတဲ့သိင်္ဂါကြောင့် မော်ကွန်းလက်ကိုဆွဲပီး ပြေးရမလိုလိုဖြစ်နေသော်လည်း ချက်ချင်းကြီးကောင်းဆက်ရင်ခွင်ထဲမှာ ကြောင်တစ်ကောင်လိုချွဲနေတဲ့ သိင်္ဂါကိုပါးစပ်အဟောင်းသားနဲ့ကြည့်နေလိုက်တယ်။ပါးစပ်ကလည်း တက်လည်းတက်နိုင်တဲ့နှစ်ကောင်လို့ တိုးတိုးလေးပြောလိုက်တယ်။မော်ကွန်းကတော့ အကိုနှစ်ယောက်ကို ပြုံးပြုံးလေးပဲကြည့်နေလိုက်တော့တယ်။ယောကျာ်းလေးနှစ်ယောက်ဖြစ်သော်လည်း မြင်ရတာကန့်လန့်ဖြစ်မနေပဲ အတော်လိုက်ဖက်တယ်လို့ ခံစားရတယ်။

One & Only [Completed]जहाँ कहानियाँ रहती हैं। अभी खोजें