Part(3)

9.5K 654 11
                                    

#Uni

ကျောင်းတက်တဲ့ ပထမရက်ကတော့ အဆင်ပြေသွားပီ ။အတန်းထဲလူကအခုထိမဆုံသေးဘူး ကိုယ့်ထက်တောင် နောက်ကျသေးတယ်။

နောက်ပီး ယွန်းရော ရတုရော ကောင်းဆက်ဟံသာရော တကယ်ခင်ဖို့ကောင်းတယ်။

ကောင်းဆက်ဟံသာဆိုမှ တကယ်ကို ကောင်းဆက်ဟံသာက အလွန်ကိုချောမောခန်ညားပါသည်။မျက်ခုံးကောင်းကောင်း နဖူးပေါ်မှာ ဝဲကျနေတဲ့ နက်မှောင်နေတဲ့ဆံပင်တွေ လွန်းအိမ်ပုံစံ မျက်လုံး ၊ကုလားမင်းသားတွေလို နှာတံစင်းစင်းလေ ရီလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်လေး အဖြူရောင်မဟုတ်တဲ့ အဝါရောင်ဘက်တမ်းနေတဲ့ အသားအရေ G-Dragonလို နှုတ်ခမ်းလေး ပီးတော့ လက်ခုံပေါ်က အကြောစိမ်းစိမ်းလေးတွေ ၊၆ပေကျော်တဲ့ အရပ် တကယ့်ကို perfect ပဲ
အင်းပေါ့ ဒါကြောင့်မို့လည်း King ဖြစ်နေတာကို ....

"ဘာလည်း အခုငါက လူတစ်ယောက်ကို သေချာကြည့်ပီး ဝေဖန်နေတာလား.....အား...."

"ဖိုးလုံးရေ.....ငါဟိုဘက်လမ်းက စတိုးဆိုင်ခန သွားအုံးမယ်နော်"

"ဟုတ်အကိုလေး မိုးချုပ်နေပီ သတိနဲ့သွားအုံး "

"အေးပါကွာ"
.
.
.
.
ကျတော်လည်း လမ်းထိပ်က စတိုးဆိုင်ဘက် ဆိုင်ကယ်မောင်းပီး ထွက်ခဲ့လိုက်တယ် ။
စတိုးဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ရပ်ပီး ဆိုင်ထဲ ဝင်လာတဲ့အချိန်...

"ဟာ....ကိုကောင်းဆက်ဟံသာ"

"ဪ...ဘုန်း ဈေးလာဝယ်တာလား"

"ဟုတ်တယ် ကိုကောင်းဆက်ဟံသာ....."

"မင်းကလည်း ငါ့နာမည်ကြီးခေါ်ရတာ မမောဘူးလား ဟိုနှစ်ကောင်လို ကောင်းဆက်လို့ပဲခေါ်ပါကွာ ...ပီးတော့ ကိုတပ်မခေါ်နဲ့ မင်းထက်ငါတို့က တစ်နှစ်ပဲကြီးတာပါ"

တစ်နှစ်ကြီးတယ်ဆိုတာက ကျတော်တို့ သုံးယောက်က ဆယ်တန်း ၁နှစ်ကျတွေမလို့ပါ

"ဟီး...ဟုတ် ကောင်းဆက်"

"ဒါနဲ့ မင်းက ဒီစတိုးဆိုင်လာတာဆိုတော့ ဒီနားလေးမှာ နေတာလား"

"ဟုတ်တယ် ကောင်းဆက် ကျတော်က ( )၁၂ လမ်းမှာနေတာလေ"

"အာ့ဆို ငါတို့က နီးနီးလေးပဲ ငါက ( )၁၃လမ်း ဟိုနှစ်ကောင်က ရှေ့တစ်လမ်းဆီမှာ....."

One & Only [Completed]Dove le storie prendono vita. Scoprilo ora