#Uni
ကျတော်ရန်ကုန်ရောက်တာ တစ်ပတ်ပြည့်ပီ ။ကောင်းဆက်နဲ့ညတိုင် video call ပြောဖြစ်တယ်။မနက်ခင်းတိုင်း ကျတော်ကို morning ချစ်ရတဲ့ကောင်လေးဆိုတဲ့ messageအမြဲပို့တယ်။နေ့ခင်းပိုင်းတွေတော့ ဖုန်းမပြောဖြစ် ကျတော်က မနက် ၉နာရီကနေ ညနေ ၄နာရီထိအလုပ်ထဲမှာပဲ ရှိတာကြောင့်ဖြစ်တယ်။
"ဘုန်း ညစာစားပီးပီလား"
"အင်း စားပီးပီ "
"မင်းရော....."
"ငါလည်း စားပီးပီ"
"ကောင်းဆက်သိလား ...ငါလေ အန်တီလက်ရာ ငါးရံအူဆီပြန်ဟင်းနဲ့ကြက်သားမွကြော်လေးကို လွမ်းနေတာ...ပီးတော့ မင်းဝယ်ကျွေးတဲ့ ပုရစ်ကြော်ရောပဲ..."
"ငါ့ကိုရော မလွမ်းဘူးပေါ့"
"လွမ်းပါတယ်"
"လွမ်းပါတယ်တဲ့လား"
"မင်းကလည်း..."
"ငါပြောစရာရှိတယ် "
"အင်း ပြောလေ"
"ငါ ရတုနဲ့ ကော်ဖီဆိုင်လေးဖွင့်မလို့ "
"အင်း ကောင်းတာပေါ့ ဆိုင်ဖွင့်ဖို့ရောနေရာက အဆင်ပြေပီလား"
"အင်း အဆင်ပြေပီ အစကတော့ ငှားမလို့ အခုတော့ ဝယ်လိုက်ပီ"
"အင်း ဝယ်လိုက်တော့ ပိုကောင်းတာပေါ့
နေပါအုံး မင်းနဲ့ရတုက ကော်ဖီဖျော်တက်လို့လား...""နည်းနည်းပါးပါတော့ ဖျော်တက်ပါတယ်
ရတုကလည်း ကိတ်မုန့်လုပ်နည်းသင်နေတယ်လေ။
ငါလည်း ကော်ဖီဖျော်တာ ဆိုင်ဖွင့်ရင်းသင်တော့မယ်""ဘယ်နားမှာ ဖွင့်တာလည်း...."
"မိန်းထဲမှာ"
"ဆိုင်နာမည်ကရော....."
"ဟီး...ဆိုင်နာမည်က မင်းကိုစဉ်းစားခိုင်းမလို့လေ"
"ဪ...ဘယ်အချိန်တွေဖွင့်မှာလည်း"
"ကျောင်းဖွင့်ရင်လည်း အဆင်ပြေအောင် ညနေ ၄နာရီကနေ ည ၁၀နာရီထိဖွင့်မလားလို့"
"အင်း အဲ့အချိန်တွေ အဆင်ပြေသားပဲ...
ဆိုင်နာမည်ကို Cafe Night လို့ပေးလိုက်ပါ့လား"
DU LIEST GERADE
One & Only [Completed]