#Uni
ဒီနေ့က ကျတော်အသက်၂၀ပြည့် မွေးနေ့ မနက်ပိုင်း ယွန်းနဲ့ရတုကိုခေါ်ပီး မဟာမြတ်မုနိဘုရားကိုသွားမယ်။အပြန်မုန့်လိုက်ဝယ်ကျွေးရမယ်။ညနေပိုင်းကတော့ ဆိုင်ထိုင်ရမယ်။ ဘုန်းကတော့ ည၁၂နာရီတိတိမှာပဲ Happy birthday ကောင်းဆက်ဆိုတဲ့ စာလေးတစ်စောင် ပို့ထားတယ်။ကျတော် ဒီနေ့အဖေနဲ့အမေကို ဖွင့်ပြောမယ်လို့ စဉ်းစားထားတယ်။ကျတော်အိပ်ယာကအမြန်ထလိုက်ပီး ရေအမြန်ချိုးလိုက်တယ်။ဗီဒိုထဲက လည်ကတုံးအဖြူရောင်နဲ့ ပုဆိုးနီညိုရောင်အကွက်စိပ်လေးကို ထုတ်ဝတ်လိုက်တယ်။
ပြင်ဆင်ပီးတာနဲ့အိမ်အောက်ထပ်ဆင်းလာပီး ထမင်းစားခန်းထဲဝင်လိုက်တော့ မနက်စာစားနေတဲ့ အဖေနဲ့အမေကိုတွေ့ရတယ်။"သား Happy Birthdayပါ"
"ကျေးဇူးပါအမေ"
"သား ဒီနှစ်ဘာလက်ဆောင်လိုချင်လည်"
"သား ဒီနှစ်တော့ လက်ဆောင်မလိုချင်ဘူး....
သားပြောတာကိုပဲ အဖေနဲ့အမေလက်ခံပေးစေချင်တယ်""ဘာများလည်း သား"
"သား အဖေနဲ့အမေကို ဝန်ခံစရာရှိတယ်
သားကလေ မိန်းကလေးတွေကို စိတ်မဝင်စားဘူး...ဟိုပြောရရင် Gayပါ အဖေနဲ့အမေ
သားကိုစိတ်ဆိုးသွားပီလား....""ဟင်း....အဖေကတော့စိတ်မဆိုးပါဘူး
အဖေက သားကိုယုံတယ်""ဟို အမေကရော "
"သားချစ်နေရတဲ့သူ ရှိနေပီလား"
"ဟုတ် အမေ"
"သား သိင်္ဂါမလား...."
"ဗျာ.....အမေဘယ်လိုသိတာလည်း"
"ဪ သားရယ် သားမှာကယောကျာ်းလေးသူငယ်ချင်းဆိုလို့ ရတုနဲ့သိင်္ဂါပဲရှိတာလေ
သားရတုက ယွန်းလေးနဲ့ချစ်သူတွေမလား...
သား ညတိုင်း သားသိင်္ဂါနဲ့ဖုန်းတွေပြောနေတာ အမေသိတာပဲ...""အမေ သားတို့ကိုသဘောတူပေးပါနော်...."
"သားတို့က ချစ်သူတွေဖြစ်နေပီလား"
"ဟီး မဖြစ်သေးဘူးအမေ"
"အမလေး ငါကချစ်သူတွေများဖြစ်နေပီလားလို့"
"ဟီး အမေကလည်း
အဲဒါဆို အဖေနဲ့အမေက သား ယောကျာ်းတစ်ယောက်ကိုကြိုက်တာ မကန့်ကွက်ဘူပေါ့နော်...."
YOU ARE READING
One & Only [Completed]