#Uni
စာမေးပွဲတွေပီးလို့ ကျတော်ရန်ကုန်ပြန်ရောက်နေတာ တစ်ပတ်ရှိပီ။ရန်ကုန်ရောက်ရင် အလုပ်တွေမအားတာက ပုံမှန်ကိုဖြစ်နေပီ။နောက်အပတ်ထဲ ကျတော်အသက် ၂၀ပြည့်မွေးနေ့ပွဲရှိတယ်။အဲ့နေ့က ကျတော်သည် ဦးမင်းနေရောင်ရဲ့သားဖြစ်ကြောင်း တရားဝင်ကြေညာမဲ့နေ့လည်းဖြစ်တယ်။ကျတော်ကိုအရင်က ဦးမင်းနေရောင်ရဲ့သားဖြစ်ကြောင်း ဘယ်သူ့မှအသိမပေးတာက အကြောင်းအရင်းရှိတယ်။ထိုအကြောင်းအရင်းက ကျတော် ၄တန်းကျောင်းသားဘဝကဖြစ်ရပ်တစ်ခုကြောင့်ဖြစ်တယ်။ဒယ်ဒီက ကျတော်ကိုအလွန်ချစ်တယ်။ဒယ်ဒီရဲ့ စီးပွားရေးပြိုင်ဘက်တချို့က ကျတော် ၉နှစ်သားအရွယ်မှာ ပြန်ပေးဆွဲခဲ့တယ်။စီးပွားရေးလောကဆိုတာ ထင်သလောက်တော့မလွယ် အပြိုင်အဆိုင်တွေရှိသလို အရှုပ်အရှင်းကလည်းရှိတယ်။ကျတော်ပြန်ပေးဆွဲခံရတုန်းက ဒယ်ဒီနဲ့ဇရဲ့အဖေကျတော်ဦးလေးတို့က လူအင်အားအတော်သုံးပီးရှာခဲ့ရတယ်။ပြန်ပေးဆွဲမှုနောက်ပိုင်း ဒယ်ဒီကကျတော်ကို သေချာစောင့်ရှောက်ခဲ့တယ် ။ကိုယ်ခံပညာတွေကိုလည်း ဆရာတွေနဲ့သေချာသင်ယူစေခဲ့တယ်။ဦးမင်းနေရောင်မှာ သားတစ်ယောက်ရှိတယ်လို့သာ ကြေညာထားပီး အဲ့သားဟာကျတော်ဖြစ်ကြောင်း ကြေညာထားချင်းမရှိ။ဒယ်ဒီက ကျတော်၈တန်းနှစ်မှာ ဒယ်ဒီအလုပ်တွေကစပီးသင်ယူစေခဲ့တယ်။ထိုအကျိုးကျေးဇူးကြောင့်အခုဆို ကျတော်ဟာ ဒယ်ဒီလုပ်ငန်းတစ်ဝက်ကို ကိုယ်တိုင်ဦးစီးနေပီ။အိမ်ထဲမှာအမြဲနေပီး အလုပ်နဲ့ကိုယ်ခံပညာသင်ယူနေရတဲ့ ကျတော်အတွက် သူငယ်ချင်းဆိုတာ ဇတစ်ယောက်ကလွဲပီးမရှိခဲ့ဘူး။အခုတော့ ဇအပြင် ကောင်းဆက်ဟံသာ၊ရတု၊ယွန်းဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိနေပီ။သူငယ်ချင်းဆိုတဲ့ သုံးယောက်ထဲမှာ ကောင်းဆက်ဟံသာကတော့ လက်ရှိကျတော်ချစ်သူ အတိအကျပြောရရင် ကျတော်ချစ်တဲ့ကို......
Ring.....📱
"ဟဲလို ဆက်"
"(ဘာလုပ်နေလည်းဘုန်း ဒီနေ့ကအလုပ်မသွားဘူးမလား...)"
"အင်း မသွားရဘူး
မင်းရော ဘာတွေလုပ်နေတာလည်း...""(ဘာမှမလုပ်ပါဘူး ဆိုင်ကညနေမှဆိုတော့ မနက်ပိုင်းကအားနေတာ)"
YOU ARE READING
One & Only [Completed]