Part(14)

6.7K 442 7
                                    

#Uni

ကျတော်နဲ့ဘုန်း ဒုတ်ထိုးစားပီး Hotelမှာ အဝတ်စားအိတ်ဝင်ယူတယ်။အဝတ်စားအိတ်တင်မဟုတ်ဘူး ဘုန်းက ကျတော်တို့အတွက် Donut တွေပါဝယ်လာတယ်။ပစ္စည်းတွေယူပီး ကျတော်အိမ်ကိုပဲ ပြန်လာခဲ့ကျတယ်။အိမ်ရောက်တော့ ဘုန်းက အိမ်ထဲကိုဝင်ရမှာ အားနာနေသေးတယ်။

"ဘုန်း လာလေ အိမ်ထဲတင်မယ်"

"အင်း..."

"သား အစောကြီးပြန်လာတာလား...
အယ် သားသိင်္ဂါပါ ပါလာတယ်....သားသိင်္ဂါသားလာလေအိမ်ထဲ..."

"ဟုတ်အန်တီ"

"‌အမေ ဘုန်းဒီမှာအိပ်မှာနော် မနက်ဖန်ရော..."

"အေးသား အမေအခန်းရှင်းပေးမယ် "

"မရှင်းနဲ့တော့အမေ သားအခန်းထဲပဲအတူတူအိပ်လိုက်မယ်..."

"ဟဲ့ နင်ကသာအတူအိပ်မယ်ပြောနေတာ သားသိင်္ဂါက အဆင်ပြေပါ့မလား"

"ဟုတ် သားအဆင်ပြေပါတယ် အန်တီ"

"သားသိင်္ဂါအဆင်ပြေရင် ပီးတာပဲ...
သွားသွားပစ္စည်းတွေထားပီး နားလိုက်အုံး
ခနနေ ထမင်းစားဖို့ လာခေါ်မယ်နော်"

"ဟုတ်အန်တီ"

ကျတော်လည်း ကောင်းဆက်အခန်းထဲလိုက်သွားလိုက်တယ်။အခန်းတံခါးဖွင့်တော့ မြင်လိုက်ရတဲ့အခန်းက အတော်အသင့်ကျယ်တယ်။ယောကျာ်းလေးအခန်းလို့မထင်ရအောင်ကို သပ်ရပ်နေတယ်။ကုတင်ကိုနံရံဘက်ကပ်ထားတယ် အတော်လည်းကျယ်တယ်။ကုတင်ဘေးမှာ စာရေးခုံတစ်ခုံ ခုံပေါ်မှာ စာအုပ်အချို့နဲ့ ကွန်ပြူတာတစ်လုံး ။ကုတင်ခြေရင်းမှာ အဝတ်ဗီဒိုအကြီးတစ်လုံး အလတ်တစ်လုံး ။ အခန်းထဲမှာ ဆိုဖာသုံးလုံးလည်းရှိတယ် ပီးတော့ ၄၂လက်မ LED TV တစ်လုံး။ရေခဲသေတ္တာအသေးတစ်လုံးလည်းရှိတယ်။

"ဘုန်း..."

"ဟင်..!"

"ဘာတွေစဉ်းစားနေတာလည်း ရေချိုးမှာမလား မင်းအရင်ချိုးလိုက်လေ...အဲ့ဒါရေချိုးခန်း အထဲမှာတဘက်တွေရှိတယ်..."

"အင်း..."

ကျတော်တို့နှစ်ယောက်ရေချိုးပီးညစာစားကျတယ်။အဖေနဲ့အမေကတော့ ဘုန်းကို Hotelမှာ နေလို့ဆိုပီးပြောနေသေးတယ်။ထမင်းစားပီး ကျတော်နဲ့ဘုန်း အပေါ်ထပ်ကကျတော်အိပ်ခန်းစီပဲ ပြန်လာကျတယ်။

One & Only [Completed]Wo Geschichten leben. Entdecke jetzt