Part(27)

5.8K 418 4
                                    

#Uni

နှစ်တစ်နှစ်ရဲ့ ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းတော်ကြီးက အရောင်အသွေးစုံနဲ့အတော်ကိုလှနေတယ်။

"ကောင်းဆက် ဒီနှစ်ပထမနှစ်လေးတွေချောတယ်နော်"
ရတုစကားကြောင့် ယွန်းနဲ့ဘုန်းရဲ့မျက်စောင်းက ရတုဆီဒိုင်းကနဲပဲ။ကျတော်လည်း ဘေးကကောင်လေးကို ကြောက်တာကြောင့် ရတုစကားကိုမထောက်ခံရဲ။

"နင်အတော်ဂြိုလ်ကြွနေတာလာ..."

"ချစ်ကလည်း ဂြိုလ်ကြွရအောင် ကိုယ်ကနွားမှမဟုတ်တာ"

"နင် နွားဇာတ်ခင်းချင်လို့ ဒီစကားပြောတာမဟုတ်ဖူးလား"

"ချစ်ယွန်းလေးကလည်း ကိုယ်ကဒီတိုင်းပြောလ်ိုက်တာပါ"

"နင်သတိထားနေနော်"

"အင်းပါ ချစ်ရဲ့"

"ဆက် မင်းလည်းသတိထားနေ"

"ဟင် ငါကဘာလုပ်လို့လည်း"

"မင်းက ဘာလုပ်ချင်သေးတာလည်း"

"ဘာမှ မလုပ်ပါဘူးကွာ"

"အေး လုပ်လို့လည်းမရပါဘူး မင်းငါ့လက်သီးကို သိတယ်နော်"

"သိပါတယ်ကွာ အဲ့လက်ကြီးကိုချထား ပါးကြိမ်းလို့ပါ"

"ဟေး..မင်းသိင်္ဂါဘုန်း "

"ကျစ်...ဒီသူတောင်းစားကဘယ်ကပေါ်လာတာလည်း"

"မတွေ့တာကြာပီနော်"

"မတွေ့တာကြာဆို မင်းကမြေခွေးဇာတ်ခင်းပီး ကြွက်တစ်ကောင်လို ပုန်းနေတာလေ"

"ငါက မင်းကိုစေသနာနဲ့ပါ ကြည့်ပါလား ကောင်းဆက်ဟံသာတောင် ဘာမှမပြောဘူး"

"ကျစ်... ရှိုင်းဝေအောင် မင်းငါ့ကိုဘာကြံစည်အုံးမလို့လည်း"

"မင်းသိင်္ဂါဘုန်းကို ခနခနကြံစည်ရအောင် ငါ့အသားကသံမဏိမှ မဟုတ်တာ အခုလည်းမင်းကို ရိုးရိုးနှုတ်ဆက်တာပါ"

"မင်း နှုတ်ဆက်ပီးပီမလား သွားတော့"

"သွားပီ မင်းကလည်းစိတ်ကြည့်ပဲ"

"ဆက် မင်းဘာလို့တစ်ခွန်းမှဝင်မပြောတာလည်း"

"သူ့ကြည့်ရတာ မင်းကိုတကယ်နှောက်ယှက်တော့မဲ့ပုံ မဟုတ်လို့ပါ အမြင်မှန်ရသွားပီထင်တယ်"

One & Only [Completed]Where stories live. Discover now