[ Unicode ]6.14.2018
" လမ်းခွဲရအောင် "
" ကောင်းပြီလေ "
ChanYeol ခေါင်းပေါ်သေသေသပ်သပ်လှန်တင်ထားသည့်ဆံပင်တွေကို ခပ်ကြမ်းကြမ်းဆွဲဖွလိုက်သည်။ ရန်ဖြစ်လို့ လမ်းခွဲမယ်လို့ထုတ်ပြောတိုင်းမှာ အမြဲလိုလို BaekHyun ဖက်က " ကောင်းပြီလေ၊ လမ်းခွဲကြတာပေါ့ " လို့သာ ပေါ့ပေါ့ပါးပါးဖြေတတ်သည်။
အကြောင်းအရင်းကိုမမေး အမြဲတစ္ဆေ Chan Yeol ၏ မေးခွန်းကိုသာသွေးအေးအေးဖြင့် မှင်သေသေဖြေတတ်သည်။ ဤသည်ကား BaekHyun အပေါ် ChanYeol မကြိုက်ဆုံးသောအချက်ဖြစ်သည်။
" အကြောင်းပြချက်ကိုမင်းမမေးဘူးလား "
ထိုသို့မေးတိုင်း BaekHyun ရယ်သည်။
" လမ်းခွဲတာ အကြောင်းပြချက်လိုလို့လား။ ဒီတိုင်းစိတ်ကုန်သွားလို့ မတွဲချင်တော့တာ မဟုတ်ဘူးလား "
ဤသို့ပြန်ဖြေတတ်သည်။ ကိုယ့်ချစ်သူကိုပင် ထရိုက်ပစ်ချင်စိတ်ပေါက်အောင် Baek Hyun က လမ်းခွဲခါနီးဆို ဂဂျိုးဂဂျောင်သိပ်လုပ်တတ်သည်။ လူနှစ်ဦး လမ်းခွဲကြခြင်းအပေါ်ကို ကလေးကစားစရာလို့သာအပျော် တမ်းသတ်မှတ်ထားပုံရသလို အချိန်တန်ရင် BaekHyun ဆီ ChanYeol ပြန်ရောက်လာမှာပဲလို့လည်း တရားသေတွေးထားပုံရသည်။
" လမ်းခွဲရမှာကိုသိပ်ပျော်နေတာလား၊ မင်းကိုချုပ်ချယ်မယ့်သူမရှိတော့ဘူး၊ လွတ်လွတ်လပ်လပ် ကဲချင်တိုင်းကဲလို့ရပြီးဆိုပြီးသိပ်ကိုမှ ဝမ်းသာနေတာလား "
BaekHyun ခေါင်းတစ်ချက်ကုတ်လိုက်သည်။ မှာထားသည့် စားစရာတွေကစားပွဲ ပေါ်အဆင်သင့်ရောက်နေပြီ၊ ဇွန်း၊ခရင်းကိုင်ပြီးစားရုံပဲကို တရားတွေလာဟောနေသော ChanYeol ကြောင့် မျက်နှာလေးကဇီးရွက် ပမာသေးငယ်နေရှာပြီ။ စားချင်လွန်းလို့တကူးတကကြိုတင်မှာယူထားရသည့် စျေးကြီးကြီးအစားအသောက်များကို Baek Hyun ဝမ်းဗိုက်ထဲသို့သွပ်သွင်း၊ပိတ်လှောင်ထားချင်ပေမယ့် ChanYeol ကထိုကဲ့သို့လုပ်ခွင့်မပြု။
" အေး ငါဒီလောက်ပြောနေတာတောင် မင်းက စားဖို့တွေးနေနိုင်သေးတယ်နော် "
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]