( Unicode )
" Are u single or taken ? "
ထိုမေးခွန်းကြောင့် ခပ်တင်းတင်းစေ့ထားတဲ့ BaekHyun ၏နှုတ်ခမ်းလေးတွေပြုံးယောင်သမ်းသွားသည်။အားလုံးကလည်းထိုအဖြေကိုသိချင်နေကြဟန်တူသည်။တစ်စုံတစ်ခုကိုမျှော်လင့်နေသည့်မျက်ဝန်းနက်တွေဖြင့်သူ့ကိုဝိုင်းကြည့်နေကြသည့်အထဲမှာစတိတ်စင်ပေါ်ကဆရာလည်းပါဝင်သည်။
သင်ခန်းစာမစ,ခင်မှာကျပန်းလူတစ်ယောက် ကိုရွေးပြီးမေးခွန်းတွေမေးရင်းမိတ်ဆက်ကြ သည့်အချိန်မှာတော့ BaekHyun အလှည့် ရောက်လာခဲ့ပြီးမထင်မှတ်ထားတဲ့မေးခွန်းကို မေးခံလိုက်ရသည်။
" I feel i'm so single right now "
တစ်ခန်းလုံးဝိုးခနဲဖြစ်သွားသလိုစမေးတဲ့ကောင်လေးကပါကျေနပ်သွားဟန်တူတဲ့မျက်နှာဖြင့်လည်ဂုတ်ကိုလက်ဖြင့်ပွတ်ကာခေါင်းငုံ့သွားသည်။ဖြေလိုက်တဲ့အဖြေကတစ်ခန်းလုံးကိုကျက်ကျက်ညမ်အောင်စွမ်း ဆောင်နိုင်စွမ်းရှိသွားစေရသလား။
တောင်ကိုးရီးယားနိုင်ငံကခပ်ချောချောကောင်လေးလို့နာမည်ပြောင်ပေးခံရပြီးက တည်းကရင်း BaekHyun စိတ်ကြီးဝင်သွားတာလည်းဖြစ်နိုင်သည်။ဘာပဲဖြစ်ဖြစ်အခုချိန်မှာကအ ချုပ်အနှောင်ကင်းမဲ့တဲ့ငှက်ငယ်လေးဖြစ်သွားပြီမလို့ကြိုက်တဲ့သူကဖမ်းချုပ်ထားပိုင်ခွင့်ရှိနေပြီလေ။ ဘယ်မုဆိုးကများလာဖမ်းမလဲစောင့်ကြည့်ရုံပဲရှိတော့တာပေါ့။
သို့ပေမယ့်ရုပ်ချောပြီးလူရှိန်ခံရသည့်အထဲမှာ BaekHyun နာမည်ပါသွားသည်ထင်ပါ့။စာ သင်နှစ်တစ်နှစ်သာပျင်းရိစွာနဲ့ပြီးဆုံးသွားတယ်အချစ်ငှက်လေးကိုဖမ်းမယ့်သူတစ်ယောက်မှရှိမနေခဲ့တာအခက်တွေ့နေသည်။
အခုလည်းဒုတိယနှစ်၏စာသင်နှစ်မှာထိုမေး ခွန်းကိုထပ်မေးခံရသော်လည်းသေချာပါတယ်ထပ်ပြီးစွံဦးမှာမဟုတ်သေးဘူး။မဟုတ်မလွဲရောဒီမေးခွန်းကကျိန်စာသင့်စေတဲ့မေး ခွန်းများလား။
ဥပမာတစ်ယောက်ယောက်က BaekHyun ပါးစပ်ကနေ Single လို့ဖြေလိုက်တာနဲ့ကြိုက်မယ့်သူမရှိပါစေနဲ့ဆိုပြီးတိတ်တခိုးဆုတောင်းထားပုံရသည်။အောက်လမ်းအတတ်တွေနဲ့များစီစဥ်ထားသလားလို့အောင့်မေ့ရလောက်အောင်အချစ်ရေးမှာကံဇာတာနိမ့်ပါးနေရပြီ။

YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]