( Unicode )
" BaekHyun !! "
အတင်းလှုပ်နိူးလိုက်တော့မှတအင်းအင်းတအဲအဲဖြင့်နိူးထလာသောကောင်လေးသည် စာကျက်မယ်ဆိုပြီးစာကြည့်တိုက်ထဲလာခိုး အိပ်နေတာထင်သည်။
" Ceb !! ဘာဖြစ်လို့လဲ ကျောင်းမီးလောင်ပြီလား "
ဘယ်လောက်တောင်အိပ်ထားသလဲမသိပါး ပြင်ပေါ်မှာတောင်ဖိရာဗလပွဖြင့်အိပ်မှုန်စုန် မွှားဖြစ်နေသောသူကပါးဆောင်ပေးနားက သွားရည်တွေဖိသုတ်ပြီးသန်းနေသေးသည်။ ညကတော်တော်ကိုအိပ်ရေးပျက်ထားတဲ့ပုံပါပဲ။
" ကျောင်းမီးလောင်တာထက်ဆိုးတယ်ကွ "
အလိုမကျသည့်လေသံဖြင့်သက်ပြင်းချကာ BaekHyun ဘေးနားဝင်ထိုင်သည်။ဒီကောင်စာကျက်လွန်ပြီးရူးသွားလေသလားပဲ။
" ပြောစမ်းပါဦး မင်းကဘာတွေဖြစ်ပျက်နေရပြန်တာလဲ စာမရမှာစိုးလို့လား "
" ကြည့်ရတာမင်းအခုထက်ထိမသိသေးဘူးထင်တယ် "
" မဟုတ်မှ မေးခွန်းပေါက်သွားတာလား "
Ceb ခေါင်းခါရင်းသူ့ဖုန်းကိုလက်ထဲထိုးပေး လာသည်ထိတိုင် BaekHyun သူလုပ်သမျှကိုနားမလည်နိုင်သေးပါ။လိုရင်းကိုမပြောဘဲ အိုက်တင်ခံနေသည့် Ceb ကိုတော်တော်လေး သည်းခံထားရတာလည်းလွယ်ကူလွန်းမနေပါဘူး။
" Loey ဘယ်လိုပုံစံလည်းဆိုတာမင်းသိထားသင့်တယ်ထင်လို့ "
BaekHyun ရယ်လိုက်သည်။မနက်ကတည်း ကသင်တန်းကိုလာတဲ့လမ်းတစ်လျှောက်လုံး မှာ Loey ဟူသောနာမည်ကိုမိန်းကလေးအစ ယောင်္ကျားလေးအဆုံးလူတိုင်း၏ပါးစပ်ဖျား မှာဟိုးလေးတကျော်ပြောနေကြတာသူသိပါ သည်။
အတန်းထဲသွားနေရင်လည်းထိုအကြောင်းပဲပြောနေကြမယ်ဆိုတာသိလို့စာကြည့်တိုက်ထဲလာခိုးအိပ်နေပါတယ်ဆိုမှကံတရားကမျက်နှာသာမပေးချင်တော့စာကြည့်တိုက်ထဲ ထိအောင်ရောက်လာပြီးတကူးတကလာပြောတဲ့ Ceb ကြောင့် BaekHyun လည်းတော် တော်စိတ်ညစ်နေရပါပြီ။သူ့ဘာသူဘယ်လိုပဲ နာမည်ကြီးကြီး၊ ဘယ်လိုပဲကြည့်ကောင်းနေပါစေ BaekHyun နည်းနည်းလေးမှစိတ် မဝင်စားတာကတော့အပြစ်မဟုတ်ဘူးထင်တာပဲ။
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]