( Unicode )
" မင်းရူံးရင် Hyunee အနားကထွက်သွားကွာ၊ ဘယ်လိုလဲ စိန်ရဲလို့လား "
Yu Chan ၏စကားကြောင့်ကော်ဖီအေး သောက်နေသည့် BaekHyun တဟွတ်ဟွတ် ဖြင့်ထသီးပါလေရော။
" အံ့သြစရာမပါဘဲနဲ့ သီးနေသေးတယ်၊ ရော့ .. တစ်သျှူးနဲ့သုတ် "
တဟွတ်ဟွတ်ဖြင့် ချောင်းဆိုးနေသော Baek Hyun ကို ChanYeol တစ်ချက်ကြည့်ရင်း စားပွဲပေါ်တင်ထားသည့် တစ်သျှူးအစိုတစ်ရွက်ကိုထုတ်ပေးလိုက်သည်။ Yu Chan က တော့ သူပြောသည့်စကားကိုအဖတ်မလုပ် ဘဲ အလုပ်ရူပ်နေသော ChanYeol တို့ကိုသာ ရပ်ကြည့်နေသည်။
" မင်းခေါင်းထဲမှာ BaekHyun ကလွဲပြီးတ ခြားလောင်းကြေးထပ်ဖို့စိတ်ကူးမရှိတော့ဘူးလား "
ခုံပေါ်ဒူးနန့်ကာထိုင်နေရင်း မလှမ်းမကမ်းမှာ စကိတ်ဘုတ်ပြားကိုကိုင်ကာ ရပ်နေသည့် Yu Chan ကိုကြည့်ပြီး ChanYeol တစ်ခွန်းပဲ ပြောလိုက်သည်။ မျက်နှာကွက်ခနဲပျက်သွားသည့် Yu Chan ကိုကြည့်ပြီး BaekHyun မှာ ChanYeol ၏ မဆင်မခြင်ပြောဆိုမှုကြောင့် အားနာသွားရသည်။
" မရှိဘူးဆိုတာ သေချာနေတာပဲ "
အတော်အတန်ကြာပေမယ့် ထွက်ဆိုခြင်းမရှိ သည့် Yu Chan ၏ဆိတ်ငြိမ်နေမှုကြောင့် ChanYeol ရယ်ရင်းမတ်တပ်ထရပ်လိုက်သည်။ ထို့နောက် BaekHyun ၏စားပွဲခုံပေါ် တခြမ်းစောင်းထိုင်လိုက်ရင်း Yu Chan ဘာပြန်ပြောလာမလဲဆိုတာစောင့်နေလိုက်သည်။
" ဘယ်လိုလုပ်မလဲ၊ ငါ့မှာအဲ့လောင်းကြေးကလွဲရင် တခြားဟာမရှိဘူး "
Yu Chan က သူ့မှာရွေးစရာလမ်းမရှိတော့ဘူးဆိုတာကို အတိအလင်းစစ်ကြေငြာလိုက်သည့်စကားကို ChanYeol သဘောကျသွားတာကြောင့် လက်ခုပ်ထ,တီးလိုက်သည်။
" BaekHyun ah .. မင်းသူငယ်ချင်းက ငါတို့ ပြိုင်ပွဲမှာ မင်းကိုလောင်းကြေးအဖြစ်အသုံး ချမလို့တဲ့ .. လက်ခံလား "
ChanYeol ခေါင်းကိုအနောက်လှည့်လိုက်ပြီး BaekHyun မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ Waffle ခိုးစားနေတာကြောင့် နှုတ်ခမ်းထောင့်ဘေးတွေမှာ ခရင်လေးတွေပေကျံနေသည်။ ChanYeol သုတ်ပေးဖို့လက်ကိုနှုတ်ခမ်းနားရွယ်တော့ အသေးလေး ကအထိမခံ၊ လက်ကိုပုတ်ချပြီး နှုတ်ခမ်းဘေးကိုလျှာဖြင့် သပ်ပြသွားသည်။ ထိုအ ခိုက်အတန့်လေးမှာပဲ ChanYeol တံတွေးကိုမြိုချပြီး ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း Yu Chan ဖက်ကိုပြန်လှည့်လိုက်ရသည်။
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]