(12)

1.7K 360 134
                                    

( Unicode )

အချစ်ဆိုတာ လှောင်အိမ်ထဲကငှက်လေးတစ်ကောင်လိုပဲ။

ဆွဲထားတုန်းတော့ ထားရာနေ၊စေရာသွားခဲ့ပေမယ့် လွှတ်ပေးတော့မှ အစအနရှာ၍ မရ အောင်ကိုယ်နဲ့ဝေးရာပြေးထွက်သွားသလိုမျိုး။

အနီးနားရှိစဥ်တုန်းက ' ပုကျိ၊ပုကျိ ' နဲ့အော် မြည်နေတဲ့အသံတွေကို နားငြီးပြီးစိတ်ရူပ်စရာကောင်းတယ်လို့ထင်ခဲ့ပေမယ့်

ဝေးသွားတော့မှ ' ငါဒီနေ့ အဲ့အသံလေးမကြားရသေးပါလား ' ဆိုတဲ့စိတ်နဲ့ ငှက်ငယ်လေး၏အသံကိုတကူးတကလိုက်ရှာပြီးနား ထောင်နေမိသလိုမျိုး။

တကျိကျိအော်နေတဲ့ ငှက်ငယ်လေးမရှိတော့မှ ကိုယ့်ရဲ့ကမ္ဘာကြီးက ယတိပြတ်တိတ် ဆိတ်ခြောက်ကပ်သွားသလိုမျိုး။

ရင်ထဲလစ်ဟာနေတဲ့ ခံစားချက်တွေနဲ့ရှင်သန်နေရပါများတဲ့အခါ လုပ်ဆောင်နေသမျှ အ ရာအားလုံးအပေါ် အကောင်းမြင်စိတ်တွေမထားနိုင်တော့သလို ဘာလုပ်လုပ်ခံစားချက်မဲ့နေတဲ့လူလိုပဲ မြင်နေရတယ်၊ကြားနေရတယ်ဆိုတာ ပညက်လေးသာရှိတာ။

တကယ်တမ်းတော့ ဘဝကြီးက ရှင်လျက်နဲ့သေနေသလိုပါပဲ။

-ကျွီး။

" ကြိုဆိုပါတယ် "

စာရွက်ဖြူပေါ်ခဲသားဘောပင်နှင့်ဒီဇိုင်းဆွဲနေသော BaekHyun သည်ဆိုင်ထဲဝင်လာသောကျောင်းသူလေး၊ငါးယောက်ကြောင့်ချက် ချင်းထကာ ကြိုဆိုလိုက်၏။

ဆိုင်တစ်ခုလုံးကိုခေါင်းပြုတ်မတတ်လှည့်ပတ်ကာကြည့်နေရင်း BaekHyun အနားသို့မဝံ့မရဲရောက်ရှိလာကြသည်။

" ဟိုလေ.. ဒီအင်္ကျီလေးကျန်သေးလားဟင် "

ထိုအဖွဲ့ထဲကနေ ပြည့်ပြည့်ဖောင်းဖောင်းနှင့် ကောင်မလေးတစ်ယောက်က သူ့လက်ထဲကဖုန်းကိုပြပြီး BaekHyun ကိုမေးလာ၏။

ကြည့်လိုက်တော့ မကြာသေးမီကမှထွက်ရှိထားတဲ့ BaekHyun ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့အင်္ကျီဆိုတာ သိလိုက်ရသည်။

" ခဏလေးပါနော်။ လက်ကျန်ရှိသေးလားမသိဘူး။ ရှာကြည့်ပေးမယ် "

BaekHyun ၏လက်တွေက ကီးဘုတ်ပေါ်ပြေးလွှားခါနီးမှာပဲ စိတ်ထဲဝင်လာတဲ့အတွေးလေးကြောင့် ​BaekHyun ၏အဖြေကိုမျှော်လင့်တကြီးစောင့်ဆိုင်းနေတဲ့ ကောင်မလေးတွေဆီ အားနာတဲ့မျက်ဝန်းတွေဖြင့်တစ်ချက်ကြည့်လိုက်မိသည်။

The Rules [ COMPLEDED ]Where stories live. Discover now