Bonus

1.6K 339 120
                                    

( Unicode )

တံခါးပတ်စ်ဝေါ့ကိုဖွင့်ပြီး အိမ်ထဲသို့ဝင်လာလိုက်၏။

ဧည့်ခန်းထဲက ဆိုဖာပေါ်ကွေးကွေးလေးအိပ်နေပြီး နှုတ်ကနေ တဟင်းဟင်းအော်ညည်းနေသော အသံလာရာကိုသွားလိုက်သည်။

ဂွမ်းစောင်ပါးလေးတစ်ထည်ဖြင့် ဖြစ်က တတ်ဆန်း အိပ်နေနိုင်သော BaekHyun ၏ပုံစံသည် အေးစက်စက်လေထုကြောင့်အဖျားငွေ့တွေ တရိပ်ရိပ်တက်နေဟန်တူသည်။

ChanYeol ဒူးထောက်ထိုင်ချလိုက်ပြီး သူ၏ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်မွေးလေးတွေကိုဖယ်ရှားပေးလိုက်သည်။ချွေးစတို့ကပ်ညိနေ၍ ဆံဖျားတို့လည်းစိုစွတ်နေ၏။

" ငါမင်းဆီ နောက်ဆုံးလာခြင်းပဲ BaekHyun "

သူ့ကိုယ်လုံးလေးကို ပွေ့ယူလိုက်၏။

ထို့နောက် အိပ်ခန်းတံခါးကိုခြေထောက်ဖြင့် တွန်းဖွင့်ကာဝင်တော့ စိတ်ပျက်စရာကောင်းလှအောင် ရူပ်ပွနေတဲ့ အဝတ်အစအနတွေကိုမြင်လိုက်ရ၏။

ဘီယာဘူးခွံတွေကအစ မုန့်ထုပ်ခွံတွေအဆုံးနေရာတိုင်းမှာပြန့်ကျဲနေတာမို့ အိပ်ခန်းလား၊အမှိုက်ပုံလား မသဲကွဲလေတော့ပေ။

ကြည့်ရတာ အိပ်ခန်းကိုသန့်ရှင်းရေးလုပ်ရမှာပျင်းလို့ ဧည့်ခန်းထဲကဆိုဖာပေါ် ဖြစ်ချင်ရာဖြစ်ဆိုပြီး ပေကပ်ကပ်ဖြင့်အိပ်နေတာနေမှာ။

ChanYeol သူ့ခုတင်ဖက်ရှိရာကို ပွေ့ခေါ်လာပြီး နှိုးမသွားစေရန် အသာလေးချပေးလိုက်သည်။ အရုပ်ကောက်စက်ကရတဲ့ အရုပ်တွေကိုကတ်ကြေးနှင့် ညပ်ထားသည်မို့ BaekHyun ခုတင်ဖက်ကတော့ဂွမ်းစတွေဖြင့် ရူပ်ပွနေ၏။

ခေါင်းရင်းမှာတင်ထားတဲ့ ရီမုနှင့် အပူပေးစက်ကို သေချာညှိပေးပြီး အဝတ်ဘီရို၏ အောက်ဆုံးအထပ်မှာ ထည့်ထားတဲ့စောင်တွေကိုထုတ်ယူလိုက်သည်။ ထို့နောက် အိပ် မောကျနေတဲ့ ကောင်လေး၏ကိုယ်ပေါ်ကိုလွှားခြုံပေးလိုက်သည်။

" အမြင်ကတ်စရာလေး "

ChanYeol ခပ်တိုးတိုးရေရွတ်ရင်း ဝတ်ထားတဲ့အင်္ကျီလက်တွေကို တံတောင်ဆစ်အထိရောက်အောင် ခေါက်တင်လိုက်သည်။

The Rules [ COMPLEDED ]Where stories live. Discover now