(10.1)

1.5K 355 153
                                    

( Unicode )

တီးတောင်။

တံခါးဘဲလ်သံကြောင့် BaekHyun ဝမ်းသာအားရဖြစ်သွားပြီး နေမကောင်းဖြစ်နေတာကိုတောင် အမှုမထားနိုင်ဘဲ တံခါးဆီကိုလွှားခနဲပြေးလိုက်မိ၏။

ဖွင့်ကြည့်လိုက်တော့ မျှော်မှန်းထားသလိုဖြစ်မနေဘဲ Luhan နှင့် MinSeok က သူတို့လက်ထဲပါလာတဲ့ အထုပ်တွေကိုမြှောက်ပြနေတာ မြင်လိုက်ရသည်လေ။

" BaekHyun ah, သက်သာရဲ့လား။မင်းခုလိုဖြစ်နေတာ ငါတို့ပယောဂလည်း မကင်းဘူးထင်လို့ စားစရာတွေဝယ်လာပေးတာ "

နှစ်ယောက်သား အိမ်ထဲကို ဝင်လာကြပြီး စကားတွေ တွတ်ထိုးကာပြောနေကြသည်။

ငူငူငိုင်ငိုင်ဖြင့် ကျောရိုးမဲ့သတ္တဝါလို တံခါးကိုအမှီသဟဲပြုပြီး ရပ်နေတဲ့ BaekHyun ခမျာတော့ အစားအသောက်ဆိုတဲ့ အသံကြားရင် တောင် မပျော်နိုင်တော့သည့်အဆင့်ကိုရောက်နေသည့်အဖြစ်။

ဖျားနေ၍လား။
တစ်ယောက်သူ လျစ်လျူရူသွား၍လား။

သူကိုယ်တိုင်ပင် ရေရေရာရာမသိနိုင်သေး။တံခါးကိုပိတ်ပြီး ထိုနှစ်ယောက်ဆီကိုသွားလိုက်မိ၏။

ဘာတွေ ဝယ်လာသလဲဆိုတဲ့ စပ်စုချင်မိတဲ့ စိတ်လေးရှိနေလို့ တော်ပါသေးရဲ့ဆိုပြီးသက်ပြင်းချနေမိတာ။

" ကြက်သားဆန်ပြုတ်ဝယ်လာပေးတာ။မင်းမကြိုက်မှာစိုးလို့ ဖက်ထုပ်ပြုတ်တောင်အပိုအနေနဲ့ ဝယ်ခဲ့လိုက်သေး ... "

" BaekHyun ah, မငိုနဲ့လေ "

MinSeok ၏ စကားသံမဆုံးခင်မှာ သူတို့နှစ်ယောက်ကို ရပ်ကြည့်နေသည့် BaekHyun သည် မျက်နှာတစ်ခုလုံးရူံ့မဲ့ကာ တအိအိဖြင့် ရိူက်ကြီးတငင်ထ,ငို၏။

Luhan က​ ချက်ချင်းအနားရောက်လာပြီး ကျောပြင်လေးကို ပုတ်ကာချော့ရှာ၏။

" BaekHyun ah, မင်းမသက်သာသေးဘူးဆိုရင် ငါတို့ဆေးခန်းနောက်တစ်ခေါက်ထပ်သွားပြကြမယ်လေ "

ငိုနေတဲ့ BaekHyun ကိုချော့နေတဲ့အနားကို MinSeok ပါရောက်လာပြီး လက်တစ်ဖက်ကို ခပ်ဖွဖွလေးကိုင်ကာ မျက်နှာကိုကြည့်ပြီးအားပေးစကားဆို၏။

The Rules [ COMPLEDED ]Where stories live. Discover now