( Unicode )
- Hi !! ငါပါ၊ မင်းရဲ့ အဆက်ဟောင်း -
တင်းခနဲဝင်လာတဲ့စာကြောင့် ChanYeol စိတ်ရူပ်စွာနှင့်သက်ပြင်းချမိသည်။
လမ်းခွဲပြီးသားလူတစ်ယောက်က ဘာမှမဖြစ်ခဲ့လိုမျိုးမျက်နှာပြောင်တိုက်နိုင်တာတော်ရုံစကေးနဲ့မရနိုင်ဘူး။
- ဘာလဲ -
- နောက်တစ်ယောက်ရနေပြီလား -
- မင်းအပူပါလား -
ChanYeol ၏ပြန်ဖြေသောစာတစ်ကြောင်းကြောင့် BaekHyun စားပွဲခုံကိုလက်သီးဆုတ်ကာဒုန်းခနဲမြည်အောင်ထုချလိုက်မိ သည်။
စိတ်ကိုအတတ်နိုင်ဆုံးထိန်းပြီး စကားသွားပြောတာကို ChanYeol ဆီကနေမချေမငံပြန်ဆက်ဆံခံလိုက်ရတဲ့အပေါ်စိတ်ကထောင်းကနဲဖြစ်သွားရသည်။
စာကိုဆက်မပို့တော့ဘဲ စားပွဲပေါ်ပစ်တင်လိုက်ကာ လက်နှစ်ဖက်တင်ပြီးခေါင်းကိုမှောက်ချလိုက်သည်။
တစ်ယောက်တည်းနေကြည့်ပြီးသည့်နောက်မှာ ဘဝကြီးကအချစ်မရှိရင်ဘယ်လောက်အထီးကျန်စရာကောင်းမှန်းလက်တွေ့သိမြင်လိုက်ရသည်။
မိမိဘေးနားပျားသူငယ်လေးတွေလိုတဝဲဝဲဖြစ်နေတဲ့သူငယ်ချင်းတွေ အချစ်ကိုယ်စီနဲ့ဖြစ်သွားတော့မှ Byun BaekHyun ဘဝက အရပ်ကူပါလူဝိုင်းပါနှင့် အချစ်ကိုပြေးရှာရတော့မည့်အနေအထားကိုရောက်သွားသည်။
Luhan သည်လည်းသူ့ကို Flirt နေတဲ့၂နှစ်ငယ်တဲ့ကောင်လေးတစ်ယောက်နှင့် ဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့အချိန်မှာ MinSeok ကလည်းမိသားစုကိစ္စနှင့် မအားလပ်ဖြစ်နေတော့ကြားထဲမှာ BaekHyun ဟာဟိုမရောက်၊ဒိီမရောက်ဖြင့် ပျင်းနေရရှာသည်။
အရေးထဲ ChanYeol နှင့်လည်းအဆင်မပြေထားတာတွေရှိတော့ BaekHyun ဘဝဟာ ကံဆိုးပြီးရင်းဆိုးနေတော့တာပါပဲ။
သူများတကာတွေလို ဖူးဖူးမှုတ်အလိုလိုက်ခံရဖို့ ငွေပေးပြီးပြေးဝယ်ရမည့်အနေအထားမှာရှိနေသည်။
တစ်ယောက်တည်းကျန်ရစ်ဖြစ်တော့မှပဲ ChanYeol ပြောခဲ့ဖူးတာလေးခေါင်းထဲရောက်လာသည်။
" သူငယ်ချင်းတွေက မင်းနဲ့အတူနေမှာမ ဟုတ်ဘူး၊ အချိန်တန်ရင်ငါနဲ့ပဲနေရမှာ " တဲ့။
BINABASA MO ANG
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]