( Unicode )
အတိတ်ကိုနောက်ကြောင်းပြန်ရသော် ...
" ChanYeol !! မြန်မြန်လာလေ "
Ice & Americano တစ်ခွက်ကိုကိုင်ပြီးမျက် မှန်အမည်းနှင့်စမတ်ကျသောသူ့ချစ်သူကအ ရှေ့ကနေကော့တော့ကော့တော့နှင့်သွားနေပြီးနောက်မှာအထုတ်ဆွဲနေရတဲ့ကောင်လေးကိုလှမ်းအော်နေသည်။
ChanYeol ခမျာမနိုင်မနမ်းသယ်နေရပေမယ့်လည်းအပြစ်တစ်ချက်မဆိုရဲ၊မနေ့ညတုန်းကအားပါးတရကြမ်းခဲ့မိသည်ကိုး။ကိုယ့်အပြစ်ကိုသိသည့်အနေနှင့်ချစ်သူနှုတ်ဖျားကစေညွန်းရာကိုခေါင်းငြိမ့်ပြရုံကလွဲဘာများတတ်နိုင်ဦးပါ့မလဲ။
" Flight က 9 နာရီခွဲမှထွက်မှာကိုအေးဆေးပေါ့ BaekHyun ရာ .. မင်းတရေးအိပ်ချင်ရင်တောင်ရသေးတယ် "
နှာဖျားပေါ်တင်ထားတဲ့မျက်မှန်အမည်းလေးကိုခေါင်းပေါ်ပင့်တင်လိုက်ပြီး BaekHyun သူ့ဖက်ကိုလှည့်လိုက်သည်။မြေခွေးလိုကောက်ကျစ်ပြီးလူကိုလှည့်စားသွားတုန်းကဒီလိုထမင်းခုနစ်ရက်မစားရတဲ့မျက်နှာမျိုးနဲ့ သိမ်ငယ်နေတဲ့ပုံစံမဟုတ်ပါဘူး။တော်တော်ကိုရုပ်ပြောင်းရုပ်လွဲနိုင်လွန်းတယ်။မသနားနိုင်ဘူး။
" ChanYeol !! မင်းပါးစပ်ကိုပိတ်ပြီးတိတ် တိတ်ဆိတ်ဆိတ်လေးလိုက်ခဲ့ရင်ကောင်းမယ်နော် .. လေဆိပ်ကြီးမှာငါဒေါသမထွက်ချင်ဘူး "
လေသံကိုခပ်ဖြေးဖြေးလေးပြောပြီးသူ့လက်တစ်ဖက်မှာကိုင်ထားတဲ့ကော်ဖီအေးကိုပိုက်ဖြင့်တစ်ငုံစုပ်သောက်သည်။
" ဝေါ့ .. ခါးလိုက်တာ၊ Park ChanYeol !! ငါမင်းကိုအရမ်းမခါးနဲ့လို့ပြောလိုက်တယ်လေ "
ChanYeol ကျောပေါ်ကလျောကျမတတ်ဖြစ်နေတဲ့ကျောပိုးအိတ်ကိုပင့်တင်လိုက်ပြီးသူ့ကိုကြည့်လိုက်သည်။ခံပေါ့၊ တမင်သက်သက်ခါးတဲ့ဟာဝယ်လာပေးလိုက်တာ။လူအုပ်ကြီးတွေကြားထဲမှာသွားတန်းစီပြီဝယ်ပေးရတာကိုလေယာဥ်နောက်ကျတော့မှာဆိုပြီးလာလောနေလို့ရွဲ့ပြီးဝယ်လာပေးခဲ့တာလေ။
" ဆိုင်ကဝန်ထမ်းတွေမှားထည့်ပေးလိုက်တာနေမှာ ... ငါ့ပုံစံကကော်ဖီချိုချိုလေးသောက်မယ့်ရုပ်လို့မထင်လို့နေမှာ "
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]