(Ending)

2.5K 328 131
                                    

( Unicode )

မီးစိမ်းလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။

စကားသွားပြောရင်ကောင်းမလား၊ ဒီအတိုင်းထားရင်ကောင်းမလားဆိုသည့်စိတ်ဖြင့် သူ ၏ လက်တွေကလည်း စာရိုက်ဖို့ချိတုံချတုန်ဖြစ်ကာလေပေါ်သောင်သင်နေရသည်။

- ChanYeol ah .. အိပ်ပြီလား -

သို့ပေမယ့် အတတ်နိုင်ဆုံးစိတ်ကိုဖြေလျော့ပြီး ကီးဘုတ်ပေါ်လက်ချောင်းတွေပြေးလွှားကာစာပို့လိုက်သည်။

မီးစိမ်းလေးက ချေပါ၏။

တစ်ဖက်သူဘာပြန်ပြောလာမလဲဆိုပြီးရင်တထိပ်ထိပ်နှင့်စောင့်နေပါသော်လည်း မီးစိမ်းလေးတုတ်တုတ်ပင်မလုပ်သလို သူပို့ထားတဲ့စာလေးကိုလည်း ချက်ချင်းမကြည့်ပေ။

BaekHyun ဖုန်းကိုပိတ်လိုက်ပြီးခေါင်းအုံးဘေးမှာထားလိုက်သည်။

ဖက်စရာအရုပ်တွေမရှိတော့တာကြောင့်သူ ၏အားကိုးရာမှာ ရင်ခွင်ထဲလုံးထွေးပြီးပွေ့ ဖက်ထားခြင်းခံရသည့်ရေမြှုပ်စောင်လေးတစ်ထည်သာဖြစ်၏။

အတိတ်တစ်ချိန်တုန်းကတော့ BaekHyun ၏ခုတင်ခေါင်းရင်းဘေးမှာများပြားလှစွာသောအရုပ်တွေဟာ စီတန်းလျက်ရှိခဲ့ဖူးတာပေါ့။

ယခုတော့ ထိုအရုပ်တွေကဘယ်ဆီနေမှန်းမသိလေတော့။

-တင်းခ်။

စာဝင်လာသံကြောင့် BaekHyun ဖုန်းကိုဖွင့်ကာကြည့်လိုက်သည်။

စာလေးကရိုးရှင်းစွာဖြင့် ...

- လာပြန်ပြီလား - တဲ့။

ရင်ဝကိုအရှိန်ပြင်းပြင်းနှင့်ဆောင့်ကန်လိုက်သလိုပါပဲ။

မင်္ဂလာပွဲကို BaekHyun ရောက်မလာနိုင်ခဲ့ခြင်းအပေါ် ChanYeol စိတ်ဆိုးနေပြီဆိုတာသိပေမယ့်လည်း အကြောင်းအရင်းကိုပြေ ပြေလည်လည်ပြောဖို့ မဝံ့မရဲဖြစ်နေတဲ့စိတ်ကြောင့်သူတို့၏အခြေအနေက ဆိုးပြီးရင်းဆိုးရတော့မည့် အနေအထားကိုရောက်နေ သည်။

- ChanYeol !! မင်းငါ့ကိုစိတ်ဆိုးနေတာလားငါမလာနိုင်ခဲ့လို့ -

စာပြန်ဖို့အတော်လေးအချိန်ယူနေသည့်သူ့ကို BaekHyun စိတ်ရှည်ရှည်နှင့်စောင့်နေခဲ့မိ သည်။

The Rules [ COMPLEDED ]Dove le storie prendono vita. Scoprilo ora