( Unicode )
" အဆင်ပြေရဲ့လား ChanYeol !! "
စတူရီယိုအခန်းထဲက အထွက်ခေါင်းထဲမိုက်ကနဲဖြစ်သွားတာမို့ နဘေးကခုံလေးမှာထိုင်ရင်းအသက်ကိုပုံမှန်ဖြစ်အောင် ဖြည်းဖြည်းချင်းရူနေတုန်းမှာ..
ရေတစ်ခွက်ကိုင်ပြီး သူ့အနားက်ိုရောက်လာတဲ့ Radien က ပခုံးကိုပုတ်ပြီးမေး၏။
အမှန်တိုင်းပြောရရင် သူတရေးမှနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သေးသလို အစားလည်း ကောင်းကောင်းမစားရသေးဘူး။
မနေ့က Fan Meeting မှာပင်ပန်းထားတဲ့အ ရှိန်လည်းရှိနေသလို ညရောက်တော့လည်း မနက်ပွဲဦးထွက်သီချင်းဆိုဖို့ရာအတွက်သီ ချင်းတွေကိုပြန်ပြီးစိစစ်ရသေးသည်။
ထိုမျှတင်ပြီးမသွားသေးဘဲမပြီးပြတ်နိုင်သေးတဲ့အချစ်ရေးကိစ္စတွေကြောင့် မလောက်မငှဖြစ်နေတဲ့ မိမိ၏အချိန်တွေကိုဖဲ့ပေးရပြန်၏။
ဥပက္ခာမပြုရက်သေးတဲ့ နှလုံးသားကတအုံ့နွေးနွေးကျန်နေရစ်သေးတော့လည်း သူ့နှုတ် ဖျားက ကိုယ့်ကိုတယုတယတမ်းတ,တာတွေကြားလိုက်ရတဲ့အခါမှာတော့ နားချိန်ကိုတောင် ကရုမထားဘဲ အပြေးလေးသွားခဲ့ရခြင်းဖြစ်၏။
ပြီးတာနှင့် စတူရီယိုကို တန်းသွားပြီးပရိုဂျူဆာစိတ်တိုင်းကျတဲ့အထိ အသံသွင်းနေရတာဆိုတော့ ChanYeol မှာ လုံလောက်တဲ့နားချိန်ကိုပြည့်ပြည့်ဝဝမရခဲ့ပေ။
အဆိုးဝါးဆုံးကတော့ နေ့လည်စာနဲ့မနက်စာကိုပေါင်းစားလိုက်ရသည်အထိပဲ။
ChanYeol နှင့်မိတ်ဆက်ပေးထားသည့် Radien ၏ပရိုဂျူဆာကတော့ တက်သစ်စ အဆိုတော်တစ်ယောက်က အောင်မြင်နိုင်ပါ့လား၊ သူရင်းထားတဲ့ငွေတွေပြန်ရနိုင်ပါ့မလားဆိုပြီး ChanYeol ကိုသံသယဝင်နေတဲ့ပုံပါပဲ။
ဒါလည်း အပြစ်သွားပြောလို့မရဘူးလေ။အနု ပညာလှုပ်ရှားမှု မရှိသေးတဲ့ ChanYeol ကိုဒီလောက်အတိုင်းအတာနဲ့ ယုံကြည်မှုပေးနေတာကိုက ကျေးဇူးတင်စရာပဲ။
ထို့ကြောင့် ပရိုဂျူဆာက သူကိုယ်တိုင် ChanYeol ၏အသံတွေကို အသေးစိတ်ကအစ ဘယ်နေရာလိုအပ်နေသေးကြောင်း၊ ဘယ်လိုတွေ ဆိုရမှာဖြစ်ကြောင်း ဘေးနားနေ၍ မနားတမ်းသင်ကြားပေး၏။
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]