( Unicode )
" ဟား ကြားသားမိုးကြိုး၊ မင်းဒီနေ့လည်းအပြင်မထွက်ပါလားကွ "
ပန်းခြံကခုံလေးမှာထိုင်ရင်း တစ်ယောက် တည်းကမ္ဘာလုပ်နေတုန်းမှာပဲ Delta အနားကိုရောက်လာသည်။ ChanYeol ၏ပခုံးကို လက်တစ်ဖက်နှင့်ဖက်ပြီး လုပ်နေသမျှအရာ တွေကိုစပ်စပ်စုစုဖြင့်ဟိုကြည့်၊ ဒီကြည့်လုပ် သည်။
" နေစမ်းပါဦး၊ မင်းက သီချင်းလည်းရေးတတ်တာပဲလား "
ChanYeol ၏စာရွက်တွေကိုဆွဲယူကြည့်ပြီး နောက် Delta က မယုံသလိုလိုဖြင့် Chan Yeol ၏မျက်နှာကိုစိုက်ကြည့်ပြီးပြောလေ ၏။
" သီချင်းရေးတယ်တော့ မဟုတ်ပါဘူး၊ ခံစားချက်တွေများလာတဲ့အခါ ဒိုင်ယာရီချရေး ထားတဲ့ သဘောပါပဲ "
Delta ခေါင်းတငြိမ့်ငြိမ့်ဖြင့် ChanYeol ရေး ထားသည့် သီချင်းစာရွက်ကိုအသေးစိတ်ဖတ်ရူရင်းကနေ ChanYeol ကိုကြည့်လိုက်၊ စာရွက်ကိုကြည့်လိုက်ဖြင့် ဗျာများနေပြီးနောက်မှာတော့ စကားတစ်ခွန်းစပြောလာသည်။
" မဟုတ်မှလွဲရော မင်းကောင်လေးအ ကြောင်း ရေးထားတာလား "
" သြော် .. ဘယ်လိုလို့သိတာလဲ "
" မင်းစာသားတွေက သိသာလွန်းနေတာကို "
ChanYeol ခပ်ဖွဖွရယ်လိုက်ရင်း Delta လက်ထဲကစာရွက်ကိုယူလိုက်သည်။ သိပ်ချစ်ရတဲ့ ကောင်လေးအကြောင်းတွေနဲ့သီကုံးထားတဲ့ သီချင်းတစ်ပုဒ်ကိုဖြစ်နိုင်ရင် သူကိုင်တိုင်သီဆိုပြီး လက်ဆော်ပေးချင်ပေမယ့်လည်း ChanYeol ကိုယ့်အသံကထင်သ လောက်ကြီးနားထောင်လို့ ကောင်းမနေဘူးဆိုတာသိနေသူပီပီမို့ ဒီကိစ္စကိုအကောင်ထည်ဖော်မရသေးဘူးဖြစ်နေသည်။
" ChanYeol မင်းသီချင်းရေးဆရာလုပ်ပါလား၊ မင်းရေးထားတာ မဆိုးဘူး "
ထိုစကားကိုကြားကြားချင်း ChanYeol သူ့ဘေးက Delta ၏ပခုံးကိုရိုက်ကာဟက်ဟက် ပက်ပက်ရယ်လိုက်သည်။
" ငါ့လိုနာမည်မရှိ၊ ဘာမရှိ သီချင်းရေးတဲ့လူ တစ်ယောက်ရဲ့ သီချင်းကိုဘယ်အနုပညာရှင်က ဝယ်ရဲပါ့မလဲ Delta ရယ်၊ မင်းရဲ့ဖြုတ်ဦးနှောက်နဲ့ အကြီးကြီးတွေတွေးပေးမနေနဲ့ "

YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]