(2.2)

1.8K 381 23
                                    

( Unicode )

" မရဘူး၊ ဘာမှလာမပြောနဲ့ "

ကြမ်းပြင်ပေါ်ထိုင်ချပြီး BaekHyun ဆန္ဒပြနေတာကို ကုတင်ပေါ်ကနေမိန့်မိန့်ကြီးထိုင်ပြီးကြည်နေတဲ့သူက ChanYeol ပေါ့။

နှစ်ယောက်ခန်းယူလိုက်ပြီးကတည်းကရင်း သူ့သူငယ်ချင်းတွေနဲ့ အတူမအိပ်ရလို့ဆိုပြီး ChanYeol ဘာပြောပြောငြင်းဆန်နေသည့် BaekHyun သည်ကြမ်းပြင်ပေါ်မှာသာလူးလှိမ့်နေသည်။ ဤသည်ကို ChanYeol ဘာမှမပြောဘဲ တင်ပုလွေခွေကာငြိမ်ငြိမ်လေးမေး ထောက်ကြည့်နေမိသည်။

ဒီလိုရှေးဖြစ်ဒဏ္ဌာရီလာနဂါးတစ်ကောင် ​ကြမ်းပြင်ပေါ်လူးလှိမ့်နေတာကိုမျက်ဝါး ထင်ထင်တွေ့မြင်ရမယ်မှန်းသာသိရင် ChanYeol ပေါက်ပေါက်ဆုပ်ကြိုဝယ်ထားပါတယ်။ စားရင်းသောက်ရင်းနဲ့ ဒေါသထွက်နေတဲ့ နဂါးလေးကိုကြည့်လို့ရတာပေါ့။

" ဖုန်စုပ်လို့ပြီးပြီလား "

ChanYeol အဖက်မလုပ်လို့မောပြီးငြိမ်ကျသွားသည့် BaekHyun ကိုငုံ့ကြည့်လိုက်ပြီးမေးလိုက်တော့ စူးစူးနစ်နစ်စိုက်ကြည့်လာသည့် BaekHyun ၏အကြည့်တစ်ချက်။ ရင်ထဲကိုထိသွားတာပဲ။ ChanYeol လက်တစ် ဖက်နဲ့ ဘယ်ဘက်ရင်အုံကိုဖိပြီးအိပ်ယာပေါ်လှဲချလိုက်သည်။

အဲ့လိုချစ်စရာကောင်းပြနေလို့လည်း Baek Hyun ဘယ်လောက်ဆိုးဆိုးလက်မလွှတ်နိုင်ဖြစ်နေရတာ။ အထိအတွေ့မှာသာယာတယ်လို့ပြောရအောင်လည်း ChanYeol မှာ Baek Hyun ကိုထိဖူးတာဆိုလို့ အများဆုံးလက် ကိုင်တာပဲရှိခဲ့ဖူးသည်။ ဒါတောင် သူ့ဖက်က လက်ကိုင်တာလေးတော့ခွင့်ပြုပေးပါဆိုပြီး ခခယယတောင်းပန်ထားလို့သာ။

အမှန်တိုင်းပြောရရင် BaekHyun နေရာမှာ တခြားသူသာဆို လမ်းခွဲပြတ်စဲတာ​ကြာပေါ့။ ဘယ်သူမဆို ကိုယ့်ချစ်သူကိုပွေ့ချင်၊ ဖက်ချင်၊ နမ်းချင်မှာပဲလေ။ အဲ့လိုအလုပ်မခံချင်ရင် ရှင်းရှင်းလေးပဲ။ ရည်းစားမထားနဲ့ပေါ့ မဟုတ်ဘူးလား။ ဒီလိုမကျေနပ်တဲ့အ ကြောင်းတွေကိုလည်း BaekHyun ကိုသွားမပြောရဲ။ တော်ကြာ လက်ပါမကိုင်နဲ့ဆိုမှ ChanYeol ဘဝရှင်လျှက်နဲ့ စမုံတုန်းနေရမှာ။

အသံတိတ်သွားတဲ့ BaekHyun ကိုကြည့်ဖို့ လှဲနေရာကနေ ထထိုင်လိုက်သည်။ ကိုယ် တော်လေးက ကြမ်းပြင်နဲ့ကော်ကပ်ထားသလိုပဲ တုတ်တုတ်ကလေးမျှမလှုပ်တာမို့ ChanYeol ကုတင်ပေါ်ကဆင်းလိုက်သည်။ ချော့ဖို့သွားတာဆိုပေမယ့် အနားရောက်သွားမှ ကုတ်ခံရမှာလည်းကြောက်သည်။ Baek Hyun က ဒါမျိုးဆိုသိပ်ပိုင်တာလေ။

The Rules [ COMPLEDED ]Onde histórias criam vida. Descubra agora