Bonus

1.8K 389 167
                                    

( Unicode )

တိတ်ဆိတ်နေသောဧည့်ခန်းထဲတွင်ဘေးချင်းကပ်ထိုင်နေသော ကောင်လေးနှစ်ယောက်ရှိနေသည်။

ပြောစရာစကားတွေကိုယ်စီရှိနေကြသယောင်ထင်ရပေမယ့် တကယ်တမ်းမှာတော့အတွေးကိုယ်စီနဲ့ လွှင့်မျောနေဆဲ။

" ဘယ်သူကမင်းကို အဲ့လောက်ထိသေမလိုဖုန်းတွေဆက်နေတာလဲ "

နောက်ဆုံးတော့ BaekHyun မေးရပြီ။စားပွဲပေါ်တင်ထားတဲ့ ChanYeol ၏ဖုန်းကတုန်ခါမှုသံ​တဒွီဒွီမြည်နေ၍ နားငြီးလာလို့မေးလိုက်ရခြင်းဖြစ်၏။

" မင်းသိစရာမလိုပါဘူး "

ChanYeol က တိုတိုတုတ်တုတ်သာဖြေ သည်။ပြောလည်းသိမှာမှ မဟုတ်တာ၊အဲ့တော့လေကုန်ခံပြီး ရှင်းပြမနေချင်ဘူးလေ။

" ChanYeol , မင်းနောက်တစ်ယောက်ရနေပြီမလား "

" သဝန်တိုနေတာလား "

" ဘာ .. "

အရိူက်ထိသွားဟန်တူသည့်နှယ် BaekHyun ကရူးရူးရှဲရှဲဖြင့်ဒေါသတကြီးအော်ကာမတ်တပ်ထ,ရပ်၏။

" ချီးပဲ.. ငါတို့ကဘာမှမဆိုင်တော့တာ၊ ဘာကိုသဝန်တိုနေရဦးမှာလဲ "

ခါးထောက်ကာ မျက်နှာကိုတစ်ဖက်လွှဲရင်း BaekHyun က သူ၏အသံကိုသုံးဆလောက်ကျယ်ကာအော်ဟစ်နေ၏။ChanYeol ခေါင်းတစ်ချက်ခါရင်း ခါးထောက်နေတဲ့ Baek Hyun ၏လက်ကောက်ဝတ်ကိုဆုတ်ကိုင်လိုက်ပြီးသူ့ဆီရောက်အောင်ဆွဲခေါ်လိုက်တော့ ဟန်ချက်ပျက်သွားတဲ့ BaekHyun က ChanYeol ရင်ခွင်ထဲကိုထွေးခနဲပစ်ကျလာ ၏။

" ChanYeol !! မင်းဘာလုပ်တာလဲ .. "

" ငြိမ်ငြိမ်လေးနေစမ်းပါ BaekHyun ရာ။ဒါငါတို့နှစ်ယောက် နောက်ဆုံးထိတွေ့ခြင်းဖြစ်သွားနိုင်တယ် "

ChanYeol ၏စကားကြောင့် ရုန်းရင်းဆန် ခတ်ဖြစ်နေတဲ့ BaekHyun လေးဟာတိကနဲငြိမ်ကျသွားသည်။ နောက်ဆုံးဆိုတဲ့စကားကြောင့် စိတ်ထဲမတင်မကျဖြစ်နေရပေမယ့်လည်း ChanYeol ဆိုတာစကားနဲ့အလုပ်ညီတဲ့သူမျိုးမဟုတ်ဘူးလေ။

လမ်းခွဲပြီးတိုင်း မနေနိုင်မထိုင်နိုင်ဖြစ်ပြီးလာတောင်းပန်တတ်တဲ့သူဆိုတာ သိနေသည်မို့ထွေထွေထူးထူးအံ့သြပြမနေတော့ပါဘူး။

The Rules [ COMPLEDED ]Where stories live. Discover now