( Unicode )
၂နှစ်နီးပါးသူများနိုင်ငံမှာပညာလေ့လာသင်ယူပြီးတဲ့နောက်မှာ BaekHyun ကိုယ့်နိုင်ငံသို့ပြန်လာရပြီဖြစ်သည်။
လေဆိပ်ထဲကထွက်လာတဲ့သူတွေကိုကြိုဆို နေကြတဲ့လူအုပ်ကြီးထဲတစ်ယောက်သောသူများရှိလေမလားလို့အားကိုးတကြီးရှာမိပြန်သည်။မရှိတာသေချာတော့မှအိတ်ထဲထည့်ထားသည့်ဖုန်းကိုထုတ်လိုက်ပြီးဖုန်းဆက်ခေါ်ဖို့ပြင်နေတုန်းမှာပဲ ...
" BaekHyun ah !! " ဟူသောရင်းရင်းနှီးနှီး ရှိနေသည့်အသံကိုလူအုပ်ကြီးထဲကနေကြားလိုက်ရ၍စိတ်ထဲကျေနပ်သွားရသည်။ထင်ပြီးသားပါ၊ Park ChanYeol လားသူ့ကိုလာမခေါ်ဘဲနေနိုင်မှာ။
ဝမ်းသာအားရနဲ့လှမ်းကြည့်လိုက်တော့မှအသံပိုင်ရှင်က BaekHyun တွေးထင်ထားသလိုမျိုး ChanYeol ဖြစ်မနေခဲ့ပေ။သူ့ကိုလာကြိုဖို့သေချာပြောထားရဲ့သားနဲ့စကားကိုနားမထောင်သော ChanYeol ကိုတော်တော်လေးစိတ်တိုသွားမိတာတော့အမှန်ပင်။
သို့ပေမယ့်လည်းစိတ်တိုနေတဲ့ပုံစံကိုအောင့် အီးကာချေဖျက်ရင်း Luhan နှင့် Minseok အနားသို့သွားလိုက်သည်။
" နောက်ဆုံးတော့ ငါတို့မင်းသားကြီးပြန်လာပြီပေါ့ "
BaekHyun ခေါင်းသာငြိမ့်ပြမိသည်။အခုချိန်မှာသူစကားပြောချင်စိတ်မရှိ၊ ပြောထားရဲ့သားနဲ့လာမကြိုတဲ့ ChanYeol ကိုသာရန် တွေ့ချင်စိတ်တဖွါးဖွါးပေါ်ပေါက်နေသည်။
" မင်းရဲ့ ChanYeol ကတော်တော်အောင်မြင်နေတာနော်... BaekHyun !! "
ထိုသတင်းတွေကိုမကြားချင်သော်လည်းနားပိတ်ထား၍မရတာကြောင့်သည်းခံပြီးနား ထောင်နေရသည့် BaekHyun အဖို့စိတ်ထဲမှာဒေါသထွက်နေတာကလွဲပြီးတခြားသောအကြောင်းအရာတစိုးတစိမျှမရှိ။
ဘယ်လောက်တောင်အောင်မြင်နေလို့သူက ဘဝင်လေဟပ်ပြီး BaekHyun ကိုလာမကြို နိုင်တွေဖြစ်နေရတာလဲ။သီချင်းသုံးလေးပုဒ်ရေးပြီးလူကြိုက်များသွားတာနဲ့တင် သူကိုယ်သူကမ္ဘာပေါ်မှာအလုပ်ရူပ်ဆုံးလူသားလို့သတ်မှတ်နေလားမသိ။
" ဒါနဲ့ မင်းတို့ကဘယ်လိုလို့ငါပြန်လာတာသိပြီးလာကြိုကြတာလဲ "
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]