( Unicode )
အရေးကြီးကိစ္စနှင့်ဆင့်ခေါ်ခံရသည့်အခါမှာတော့ သီးသန့်လုပ်ပေးထားတဲ့အခန်းငယ်လေးထဲမှာ ဘတ်ခ်ဟျွန်းတိတ်ဆိတ်စွာထ်ိုင်စောင့်နေမိသည်။
ချိန်းထားတဲ့အချိန်ထက်စောပြီးရောက်လာခဲ့တာကြောင့် အခန်းငယ်လေးထဲမှာ တစ် ယောက်တည်း ယောင်ချာချာနဲ့ အသင့်မှာ ထားတဲ့ ကော်ဖီအေးလေးကို အာစွတ်သွား ရုံတမယ် သောက်ရင်း ဖုန်းကနာရီကိုအားမနာတမ်းကြည့်နေမိသည်။
အရာရာပြီးဆုံးသွားပါပြီဆိုတဲ့စကားနဲ့ ကန်လန်ကာချပြီး ဇာတ်သိမ်းခဲ့တဲ့အချစ်ပုံပြင်လေးတစ်ပုဒ်က တစ်နှစ်ကြာပြီးတဲ့နောက်မှာပြန်လည်အသက်ဝင်လာခဲ့သည်။
လှပလွန်းတဲ့ ဇာတ်ကြောင်းတစ်ခုမဟုတ်ခဲ့တာကြောင့် ပြန်တွေးတိုင်း စက္ကူစကိုမီးရိူ့ပြီးကျန်ရစ်ခဲ့တဲ့ ပြာမှုန်လေးလို အတုအယောင်လေထုမှာ လွှင့်မျောနေရသလိုပဲ ရင်ထဲမှာ ဟာတာတာနဲ့ လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့ ခံစားချက်တခုဖြစ်နေသေးတာကလွဲရင် ကျန်တာအားလုံးအဆင်ပြေပါတယ်ပေါ့။
ချိန်းဆိုထားတဲ့နေရာလေးက အပြင်အဆင်သားနားလွန်းပြီး သီးသန့်ဆန်လွန်းသည်။ပြောသံကြားတာကတော့ ဆယ်လီအများစုအသုံးပြုတဲ့ ကော်ဖီဆိုင်လေးဆိုလား။
ဆိုင်ထဲမှာလည်း လွမ်းမောဖွယ်ရာကောင်းတဲ့ သီချင်းခပ်အေးအေးလေးကိုဖွင့်ထားသည်။
ယောင်ချာချာအတွေးများနှင့် ကျင်လည်နေတုန်းမှာပဲ ဘတ်ခ်ဟျွန်းရှေ့တည့်တည့်ကထိုင်ခုံလေးမှာ ဝင်ထိုင်တဲ့သူ။
လမ်းခွဲပြီးသွားရင် လူတွေကပြောင်းလဲသွားတတ်ကြတာ ထုံးစံပဲလား။ ဘတ်ခ်ဟျွန်းတွေးရင်း မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့သူ့ကို မသိမသာအကဲခတ်နေမိသည်။
မရှက်တမ်းဝန်ခံရရင် သူဟာ အရင်တုန်းကထက်ပိုပြီးကြည့်ကောင်းလာသည်။ ဖြူဖွေးစွတ်နေတဲ့ခေါင်းစွတ်အနွေးထည်နှင့်အတူခန့်ညားထည်ဝါနေတဲ့ အိုင်ဒေါလ် တစ်ယောက်က တချိန်က ဘတ်ခ်ဟျွန်းနဲ့ ပတ်သက်ခဲ့ဖူးပါလားဆိုတဲ့ အတွေးက ဘတ်ခ်ဟျွန်းစိတ်ကိုတပိုင်းတစလေးတော့ ကြည်နူးစေသည်။
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]