( Unicode )
" ဟပ်--ဟပ်ချိုး "
မနေ့ညက သောက်ထားတာများတော့မူးရူးပြီး အဝတ်တွေချွတ်အိပ်မိတာ၊ အဲကွန်းလေ အေးလည်းမလျော့မိတာကြောင့် မနက်စော စောကိုနှာချေခြင်းဖြင့် စတင်လိုက်ရရော။
ခုတင်အောက်က ရူပ်ပွနေသောအဝတ်ပုံများကိုခြေထောက်နှင့်တွန်းကန်ရင်း ပွယောင်းနေသောအင်္ကျီတစ်ထည်ကို ကောက်စွပ်ကာ ရေ ချိုးခန်းထဲဝင်လိုက်သည်။
မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်ပုံစံကိုကြည့်ပြီးစိတ်တိုင်းမကျလိုက်တာ၊ မလန်းမဆန်းနဲ့လူလည်းညင်းတိုးတိုးဖြင့် ဆေးသမားလိုလို၊ အရက်သမားလိုလိုဖြစ်နေသည်ကြောင့် စိတ် ပျက်စွာ ခေါင်းခါလိုက်မိသည်။
" ဆံပင်အရောင်လေးချိန်းဦးမှာပဲ။ "
ခပ်တိုးတိုးရေရွတ်လိုက်ရင်း ဘေစင်ပေါ်တင်ထားတဲ့ ခွက်ထဲကဆင်တူသွားတိုက်တံနှစ်ချောင်းဆီအာရုံရောက်သွား၏။
" သွားစမ်း။ "
BaekHyun ဟာမဟုတ်သည့်နောက်တစ်ချောင်းကို ဆက်ခနဲဆွဲယူပြီး ဘေစင်အောက်နားက အမှိုက်ပုံးထဲထည့်လိုက်သည်။စော စောစီးစီးစိတ်တိုရအောင် သိပ်လုပ်တာပဲလား။
ကျန်သွားတိုက်တံမှာ သွားတိုက်ဆေးထည့်ပြီး ပါးစပ်ထဲထည့်ငုံထားရင်း စဥ်းစားလိုက်သည်။ စင်ပေါ်လွှားထားတဲ့ ရေချိုးတဘတ်အစ ရေချိုးခန်းစီးဖို့ရာဖိနပ်အဆုံး ဆင်တူ ဝယ်ထားကြသည်မို့ အကုန်လုံးကိုရှင်းထုတ် ပစ်ရမည့်တာဝန်ကလည်း ရှိနေပြန်သေးသည်။
ရေခွက်နှင့်ပလုတ်ကျင်းရင်း နှုတ်ခမ်းနားပေပွနေသည့် သွားတိုက်ဆေးအမြှုပ်တွေက်ိုလက်ဖြင့်ဖိသုတ်လိုက်သည်။
ဒီနေ့အတွက်တော့ သူ့မှာလုပ်စရာဆိုလို့ ဆံ ပင်အရောင်ချိန်းဖို့ရယ်၊ မဖွင့်တာကြာပြီဖြစ်လို့ဖုန်တက်နေမယ့် ဆိုင်ကိုသန့်ရှင်းရေးလုပ်ဖို့ရယ်သာ ရှိနေသည်။စဥ်းစားပြီးတာနှင့် အ ဝတ်ဘီရိုထဲက သန့်သန့်ပြန့်ပြန့်ဖြစ်စေမည့် အသစ်တစ်စုံကိုထုတ်ယူရင်း ခန္ဓာကိုယ်ပေါ် ဆင်မြန်းလိုက်သည်။
သူ့ရုပ်ရည်၊သူ၏ချစ်စရာကောင်းမှုတွေနဲ့ဆို နောက်တစ်ယောက်ရဖို့ဆိုတာ အလွယ်လေးပါ။
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]