( Unicode )
" ChanYeol တို့များ ကျန်းမာရေးလိုက်စားချက် .. မနက်အစောကြီး စွပ်ကျယ်နဲ့ ပြေးနေတယ်ဆိုပဲ "
Delta ရဲ့စကားကို ChanYeol ခေါင်းရော လက်နှစ်ဖက်လုံးပါခါပြလိုက်သည်။ Baek Hyun အိမ်ကနေ အားကစားရုံထိ တဟုန်ထိုးပြေးလာရတာမို့ မောလွန်းလို့စကားတောင်ကောင်းကောင်းမပြောနိုင်ဖြစ်နေသည်။ နီး စပ်ရာထိုင်ခုံမှာဝင်ထိုင်ရင်း ခန်းမထဲကတိုင် ကပ်နာရီကိုကြည့်တော့ မနက်၅နာရီခွဲရှိပြီဖြစ် သည်။
" သြော် .. ChanYeol ပြန်ရောက်ပြီပဲ။ ဘယ် လိုလဲ .. အဆင်ပြေရဲ့လား "
ထိုစဥ် ခန်းမထဲကိုဝင်လာသည့် ဆရာသည် ထိုင်နေသော ChanYeol ကိုတစ်ချက်ကြည့်ရင်းပြောသည်။ Delta ကတော့နားမလည် သည့်ပုံစံဖြင့် ChanYeol ကိုကြည့်လိုက်၊ ဆရာ့ကိုကြည့်လိုက်ဖြင့် အလုပ်ရူပ်နေသည်။
ဆရာ့ကို ChanYeol ခေါင်းငြိမ့်ပြလိုက်တော့ Delta ကအနားကိုရောက်လာပြီး ChanYeol ၏ပခုံးကိုဖက်ကာ အကျိုးအကြောင်းမေး သည်။
" မနေ့က ငါ့ကောင်လေး Club မှာမူးနေလို့ သူ့ကိုအိမ်ပြန်ပို့ပေးတာပါကွာ "
" အံမယ် .. မင်းကဟုတ်လှချည်လား။ ဒါနဲ့ မင်းကောင်လေးကမူးနေတယ်ဆိုတော့ ဘာဆက်ဖြစ်သေးလဲ ဟင် "
Delta က အားကျနေသောမျက်ဝန်းများဖြင့် ChanYeol ကိုအသည်းအသန်မေးနေလေသည်။ Delta မေးမှပဲ ChanYeol မနေ့ကအဖြစ်အပျက်တွေခေါင်းထဲတန်းစီပြီးဝင်လာသည်။ ဘာမှဆက်ဖြစ်လို့မရအောင် သိုးနေအောင်အိပ်ပျော်သွားသည့် BaekHyun ကြောင့် ChanYeol မှာ အခွင့်အရေးယူဖို့ထက် BaekHyun မအန်စေဖို့အရေးကိုသာ အာရုံထားနေရသည်။
အမူးလွန်ရင်လုပ်တတ်သည့် အကျင့်တိုင်း BaekHyun က တရေးနိုးထအန်တတ်သလို အသံအကျယ်ကြီးဖြင့် သီချင်းတွေလည်း အော်ဆိုတတ်သေးသည်လေ။ ပြီးတော့ ChanYeol သူ့ကိုအခွင့်အရေးမယူနိုင်လောက်အောင် ခြေကုန်လက်ပန်းတွေကျပြီး မောပန်းကာ ချက်ချင်းပင်အိပ်ပျော်သွားခဲ့ရသည်။ တစ်လမ်းလုံး အမူးသမားကိုကျောပိုးပြီး အိမ်ရောက်အောင်သယ်လာခဲ့ရတာဆိုတော့လည်း။
" Delta .. ပေါက်ကရတွေမေးမနေနဲ့၊ သွေး ပူလေ့ကျင့်ခန်းလုပ်ဖို့ပြင်တော့ .. ChanYeol လည်းပြင်ထား၊ ခဏနေ လူစုံတာနဲ့ စမယ် "
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]