( Unicode )
" ChanYeol .. တစ်ခုလောက်ကူညီပါလား "
Scripts တွေရေးနေတဲ့ ChanYeol အနားကိုရောက်လာပြီးအကူအညီတောင်းသည့် PD ကြောင့် ရေးလက်စကိုရပ်တန့်ပြီးကြည့်လိုက်သည်။
" ဒီတစ်ခေါက် Program ကိုတမျိုးပြောင်းလိုက်ချင်လို့ ... အသစ်အဆန်းဖြစ်သွားချင်တာလည်းပါတယ် "
" PD ဆိုလိုချင်တာက ရေးပြီးသား Scripts တွေအားလုံးကိုပြန်ပြင်ဖို့လား "
" ငါပြောချင်တာအဲ့လိုမဟုတ်ဘူး။ ဒီနေ့ Blind Date ဖို့ကောင်လေးတစ်ယောက်ရောက်နေတယ် ... ပုံမှန်မိန်းကလေးတစ်ယောက်နဲ့မိတ်ဆက်ပေးတာထက်စာရင် ယောင်္ကျားလေးအချင်းချင်းတွေ့ပေးလိုက်မယ်ဆိုရင်ရော "
" ဟာ .. PD ကလည်းပေါက်ပေါက်ရှာရှာ။ Date ဖို့ပါဆိုမိန်းကလေးလိုချင်လို့လာတာလေ .. ကျွန်တော်တို့က ယောင်္ကျားလေးတစ်ယောက်နဲ့ ပေးတွေ့ဖို့ဆိုတာကြီးက ဖြစ်သင့်လို့လား "
PD ကခေါင်းကိုတွင်တွင်ခါရမ်းကာ သူ့ကိုယ်သူပိုင်နိုင်နေပြီဆိုသည့် ပုံစံဖြင့်ယုံကြည်မှု အပြည့်ရှိနေသည်။
" ဒါက YouTube မှာလွှင့်မယ့်အပိုင်းမှမ ဟုတ်တာ .. အကယ်၍စမ်းသပ်တာအောင် မြင်လို့ရှိရင် နောက်နောင်ထုတ်လွှင့်မယ့်အ ပိုင်းတွေထဲမှာ Special Guest အနေနဲ့ထည့်မယ်ကွာ "
" PD သေချာစဉ်းစားဉီးနော်။ ဒါမျိုးကအခန့် မသင့်ရင် ကုမ္ပဏီရဲ့ Rating ကျသွားနိုင်တယ် "
ChanYeol ပြောတာကိုလက်မခံ၊ PD ကသူဖြစ်ချင်ရာတာကိုသာ တဇွတ်ထိုးလုပ်မည့် သဘောမှာရှိနေသည်။
" ဒါဆိုကျွန်တော်က Scripts အသစ်ထပ်ရေးပေးရမယ်ဆိုတဲ့ သဘောလား "
" မင်းကိုရေးစေချင်တာထက် အဲ့ကောင်လေးနဲ့ မင်းကိုတွေ့ပေးချင်တာ "
" ဟာ နောက်ပြီ PD ရာ။ ကျွန်တော်က အဲ့လို မျိုးတွေမှမကြိုက်တတ်တာ သိရဲ့သားနဲ့ "
" ဒါဖြင့်ငါကတခြားသူထပ်သွားရှာရမှာလား၊ အဲ့ကောင်လေးပုံစံကချစ်စရာကောင်းလွန်းလို့ မင်းကိုအရင်ဆုံးလာပြောတာနော် "
ဇွတ်အတင်းလုပ်ခိုင်းနေသော PD ကြောင့် ChanYeol ခေါင်းကုတ်နေရပြီ။ Blind Date မှာ ယောင်္ကျားလေးနှစ်ယောက်အတူတွေ့ပြီးစကားတွေပြောနိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူမှန်း ChanYeol သိသည်။ သာမာန် အတွဲတွေတောင် စကားစပြောဖို့ရှက်နေကြတာ အခုလိုတမူထူးခြားတဲ့ ယောင်္ကျားလေး နှစ်ယောက် အကြည့်ချင်းတွေဆုံပြီး စကား စမြည်ပြောဖို့ဆိုတာကြီးက နည်းနည်းတော့ စိတ်ကသိကအောင့်ဖြစ်စေမလား။
VOUS LISEZ
The Rules [ COMPLEDED ]
Nouvellesချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]