( Unicode )
ခရီးသွားရမည့်ကိစ္စကို စိတ်မဖြောင့်အောင် ChanYeol ကစတင်နှောက်ယှက်နေပြီဖြစ် သည်။BaekHyun ဖုန်းမကိုင်မချင်းခေါ်နေမှာသိသည်။ မပြီးစီးနိုင်တဲ့ပြဿနာတွေနဲ့ အရစ်မခံနိုင်တာကြောင့် မကိုင်ဘဲကြည့်နေလိုက်သည်။
" မင်းမကိုင်လို့ဖြစ်ပါ့မလား၊ သူကဆက် တိုက်ခေါ်နေတာနော် "
ကြားထဲကနေ Luhan က အားမလိုအားမရ ဖြစ်ပြီး BaekHyun ကိုလက်တို့ပြီးပြော သည်။ ကားရှေ့ခန်းမှာထိုင်နေတဲ့ Minseok ကလည်း ခေါင်းကိုအနောက်လှည့်ကာ Baek Hyun ဖုန်းကိုင်ရေး၊ မကိုင်ရေးကို လှမ်းပြီးစပ်စုနေသည်။
" ငါကိုင်လိုက်မယ် .. မင်းပြော "
ဖုန်းကိုဘေးနားက Luhan ဆီထိုးပေးလိုက်တော့ ကြောက်အားလန့်အားဖြင့်ခေါင်းတဆက်ဆက်ခါရမ်းပြသည်။ သူတို့လည်း ChanYeol ဒေါသဘယ်အခြေအနေရှိသလဲ ဆိုတာ သိကြသည်မို့ အော်ငေါက်ခံရမည့် ကိစ္စတွေကနေတတ်နိုင်သမျှဝေးဝေးရှောင်ကြသည်။
" MinSeok ကိုပေးလိုက်၊ သူကဒါမျိုးဆိုကျွမ်းတယ် "
Luhan စကားကြောင့် MinSeok မသိမသာ အရှေ့လှည့်သွားသည်မို့ အကူအညီတောင်းမရသည့်အဆုံးမှာတော့ BaekHyun ဖုန်းကိုအစိမ်းခလုတ်ဖက်ဆွဲရင်း Luhan နား၏ ဘေးမှာ ကပ်ပေးလိုက်သည်။ BaekHyun ကိုယ်တိုင်ကလည်း ကိုယ့်ရည်းစား Chan Yeol ရစ်မယ့်ကိစ္စတွေကိုမခံနိုင်တာတော့အမှန်ပင်။ ရုတ်တရက်မို့လှန့်သွားသည့် Luhan က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ငြင်းဆန်နေပေမယ့်လည်း လက်အုပ်ချီပြီးတောင်းပန်နေတဲ့ BaekHyun ၏ သနားစရာမျက်နှာလေးကြောင့် သက် ပြင်းချကာ ဟန် ဆောင်ဖို့ကြိုးစားလိုက်ရသည်။
" ဘာလဲ "
ဆောင့်ဆောင့်အောင့်အောင့်ဖြင့်ထွက်လာသည့်အသံပိုင်ရှင်က BaekHyun မဟုတ်မှန်း ChanYeol သိလိုက်သည်။ ထုံးစံအတိုင်း BaekHyun က သူ့ဖုန်းကိုဟိုလူ့ထိုးပေး၊ ဒီလူ့ထိုးပေးနဲ့ ChanYeol နှင့်ထိပ်တိုက်စကား ပြောဖို့ ရှောင်ချင်နေပုံရသည်။
" BaekHyun ကိုဖုန်းပေးလိုက် "
ChanYeol တစ်ခွန်းတည်သာပြောသည်။ မကြာပါဘူး၊ လေသံယဲ့ယဲ့ဖြင့်စကားသံတိုးတိုးတွေပွစိညမ်သွားသည်။

YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]