(4)

1.6K 354 49
                                    

( Unicode )

" အမလေး .. ကောင်းကြသေးရဲ့လား။ ငါ့ကို ChanYeol က ထားသွားပြီတဲ့ "

Luhan နားတွေငြီးနေပြီ။ သူ BaekHyun ဘေးနားမှာတစ်မိနစ်တောင်ဆက်မနေနိုင်တော့ဘဲ ကလပ်ထဲကနေထွက်ပြေးသွားချင်မိလောက်အောင် Luhan စိတ်ညစ်နေရပြီဖြစ်သည်။ မူးရင်ရစ်တတ်မှန်းသိသိကြီးနဲ့ Luhan ကိုယ်တိုင်က MinSeok တားနေသည့်ကြားထဲကနေ အရက်အတူသောက်ဖို့ အဖော်လိုက်ခဲ့မိတာ။ အခုတော့ ငါးပါးကိုမှောက်ရော။

" အီးဟီး .. Luhan မင်းသိရဲ့လား။ သူငါ့ကိုဘယ်လိုအချိုးတွေချိုးသွားလဲဆိုတာ "

Club မှာထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီ။ အခုထက်ထိကို ChanYeol သူ့ကိုထားသွားတဲ့အကြောင်းငိုချင်းချလို့မပြီးသေးဘူး။ ပြောတောဖြင့် စိတ်မဝင်စားဘူး၊ မချစ်ဘူးလေးဖြင့် ဟိုကထားသွားတော့မှ BaekHyun တို့ အဖေကယ်ပါ၊ အမေကယ်ပါနဲ့ အရပ်ကူပါ လူဝိုင်းပါဖြစ်နေရပြီ။

Luhan ကတော့ရှင်းသည်။ မသနားနိုင်ဘူး။ ရှိတုန်းကတော့ အလေးမထားဘဲ ထားသွားခံရတော့မှ အူနုကျွဲခတ်သလိုယောက်ယတ်ခတ်နေတာမျိုးဆိုရင်တော့ ဆောရီးပဲလို့ပြောလိုက်ချင်သည်။ Luhan သာ ChanYeol နေရာမှာဆို ဒီလိုကောင်လေးမျိုးလှည့်ကိုကြည့်တော့မည်မဟုတ်။

" BaekHyun ရယ် .. ပြီးခဲ့တာတွေလည်းပြီးပြီ။ ChanYeol လည်းမင်းကိုဘယ်သည်းခံနိုင်ပါ့မလဲ "

" ငါမကျေနပ်ဘူး၊ လုံးဝမကျေနပ်နိုင်ဘူး။ ဒီအကောင်ငါ့ကို သပ်သပ်ချေပြသွားတာ "

မူးမူးရူးရူးဖြင့် BaekHyun ကဖုန်းတွေလျှောက်ခေါ်နေပြန်ပြီ။ ChanYeol ဖုန်းရော ဟုတ်ရဲ့လားမသိဘူး။

" ကြည့် .. Luhan မင်းကြည့်၊ ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလိုက်သလဲ .. သူ့ဖုန်းကိုခေါ်မရအောင်လုပ်သွားပြီ "

MinSeok ရေ မင်းဆီသာအပြေးလေးလာလိုက်ချင်တယ်ဟ လို့တောင် Luhan စတိတ်စင်ပေါ်တက်ပြီးအော်ဟစ်လိုက်ချင်တော့ သည်။ ဒါ သက်သက်မဲ့ Luhan ကိုရည်းစားမရှိဘူးဆိုပြီး ခေါ်နှိပ်စက်နေတာပဲ။

" အဲ့တော့ မင်းကအခုဘာဖြစ်နေတာလဲ၊ ChanYeol နဲ့ပြန်တွဲချင်နေတာလား "

The Rules [ COMPLEDED ]Wo Geschichten leben. Entdecke jetzt