(2.3)

1.6K 370 49
                                    

( Unicode )

" ChanYeol ah ... "

အိမ်တံခါးကိုဒုန်းစိုင်းဖွင့်ပြီး အလောတကြီး ပြေးဝင်လာသည့် BaekHyun က အထုတ်တွေသိမ်းနေတဲ့ ChanYeol ကိုမြင်မှခြေလှမ်းတွေတုံ့ခနဲရပ်တန့်သွားသည်။ BaekHyun တစ်ယောက်လုံးသူ့အရှေ့မှာ မတ်တပ်ရပ်နေတာတောင် တစ်ချက်ကလေးမျှ အဖက်လုပ်ခြင်းမရှိသည့် ChanYeol ကြောင့်ဒေါသနည်းနည်းတော့ထွက်မိသည်။

" ငါလာတယ်လေ "

" အင်း .. "

ChanYeol ကထိုမျှသာပြောသည်။ ဗီရိုထဲက အဝတ်အစားတွေကိုသာ ယူသွားမည့်အိတ်ထဲကျကျနနစီပြီးထည့်နေသည်။

" မင်းပဲငါ့မျက်မှာမြင်ချင်တယ်ဆို .. ငါလာပြီလေ။ ဘာလို့မကြည့်တာလဲ "

" ခုနကကြည့်လိုက်တယ်လေ "

ChanYeol ဒီလိုအေးတိအေးစက်တွေလုပ်ရင် BaekHyun ကသိပ်မုန်းတာ။ အခုလည်း ပါးစပ်ကသာထုတ်မပြောတာ ရင်ထဲတော့ ဘယ်လောက်တောင်ဗလောင်ဆူနေမလဲမသိ။ ဒီအသေးလေးပုံစံကြည့်ပြီးရယ်ချင်တာကိုအောင့်အီးထားရသည့်ဒုက္ခကတော်တော်ဆိုးဝါးလွန်းတာတော့အမှန်။

" ငါလည်းလိုက်မယ်လေ "

သို့ပေမယ့် BaekHyun ကမထင်မှတ်ထားတဲ့ စကားတစ်ခွန်းကိုစပြောသည်။ အဝတ်သိမ်း နေတဲ့ ChanYeol လက်တွေရပ်တန့်သွားပြီး BaekHyun နားသွားလိုက်သည်။ ထို့နောက် အချိန်တိုင်းမက်မောရတဲ့ ပါးပြင်နုနုလေးကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ကိုင်တော့ ဘေးချထားတဲ့ BaekHyun ရဲ့လက်တွေပါ ChanYeol လက်တွေအပေါ်ထပ်ကိုင်လာသည်လေ။

ထို့အပြင် BaekHyun ၏မျက်ဝန်းတွေကလည်း တစ်စုံတစ်ခုကိုစိုးရိမ်နေသည့်အလား မျက်ရည်ကြည်ပင်ဝေ့သီနေသေးသည်။

" ငါဟိုမှာကြာရင်လည်းကြာသွားနိုင်မယ်။ မင်းလည်းသိတဲ့အတိုင်း ဟိုမှာကလမ်းပန်း ဆက်သွယ်ရေးက သိပ်မကောင်းသေးဘူးလေ။ မင်းကိုအချိန်ပြည့်ဆက်သွယ်လို့လည်းရမှာမဟုတ်ဘူး .. အဲ့တော့လိမ်လိမ်မာမာနေ ကြားလား "

ChanYeol ရဲ့စကားတွေက သူစိမ်းဆန်လိုက်တာ။ ဘယ်တော့အခါမှမတွေ့ရတော့မည့်သူတွေကျနေတာပဲ။ BaekHyun ကိုဝမ်းနည်းအောင်လုပ်နေသည်။

The Rules [ COMPLEDED ]Onde histórias criam vida. Descubra agora