(2)

2.2K 388 26
                                        

8.14.2018

မနက်စာအဖြစ်ပန်ကိတ်အိအိလေးကို နှပ်ကော်ဖီလေးနှင့်ဆင်နွှဲနေသည့် ChanYeol ဆီကိုအစောဆုံးဖုန်းခေါ်လာသည့် သူ။ နာရီကြည့်တော့လည်း မနက်၆နာရီခွဲပဲရှိသေးတာကြောင့် ChanYeol စိတ်ဝင်တစားဖြစ်သွားသည်။

ခါတိုင်းဆို နေဖင်ထိုးလို့ ၉နာရီ၊ ၁၀နာရီဖြစ်နေတာတောင် မထတတ်သည့်သူက လမ်းခွဲပြီးတစ်ရက်အကြာမှာ အစောကြီးနှိုးထလို့နေပါလား။ ဘာအကြောင်းရင်းကြောင့်များ ကိုယ်နှင့်မသက်ဆိုင်တော့တဲ့ လူတစ်ယောက်ဆီဖုန်းခေါ်သလဲမသိပေမယ့် ChanYeol လက်ခံဖြေဆိုလိုက်သည်။

" ChanYeol .. ChanYeol "

ရေးကြီးသုတ်ပြာဖြစ်နေသော BaekHyun ၏အသံ​က ChanYeol ကိုဆွံ့အသွားစေ သည်။ အသက်ရူသံတွေပြင်းထန်ပြီး မောဟိုက်နေသလိုမျိုးအသံက မငြိမ်မသက်ဖြစ်နေရုံသာမက ပြေးလွှားနေသလိုမျိုး အသံကတိုးလာလိုက်၊ ကျယ်သွားလိုက်ဖြင့်ယောက်ယတ်ခတ်နေသည်။

" မင်းခုဘာတွေလုပ်နေပြန်တာလဲ "

" သြော် .. ChanYeol ah .. တောင်းဆိုစရာရှိလို့ ... အိမ်ကိုလာစောင့်ပေးပါလား "

အသံကမသဲမကွဲနဲ့မို့ ChanYeol သေချာဂရု စိုက်နားထောင်နေရသည်။ တစ်ဖက်က Baek Hyun က ​သူပြောချင်ရာသာပြောသည်။ ChanYeol ကြားသလား၊ မကြားရဘူးလားဆိုတာ အာရုံရှိပုံမရ။

" အိမ်ကိုနှစ်ရက်လောက်လာစောင့်ပေးလို့ပြောနေတာ "

" ဘာဖြစ်လို့လဲ "

ခဏအကြာမှ တစ်ဖက်က BaekHyun အသံကိုကြည်လင်ပြတ်သားစွာကြားရသည်။

" ခရီးထွက်မလို့ "

ChanYeol သြော်ဟူသာတစ်လုံးတည်းထွက် လာနိုင်တော့သည်။ ကောင်းလိုက်တာ Baek Hyun တို့များ၊ မနေ့က ချစ်သူနဲ့လမ်းခွဲတယ်၊ ဒီနေ့ကျ ခရီးထွက်မယ်တဲ့။ စိတ်ညစ်လို့စိတ် ပြေလက်ပျောက်ခရီးထွက်ခြင်းမဟုတ်ဘူးဆိုတာ ChanYeol သိသည်။ ဘယ်သူတွေနဲ့လည်းလို့မေးစရာမလိုတော့လောက်အောင် BaekHyun က သူ့ပါတနာ၊ သူငယ်ချင်းတသိုက်နဲ့ ပျော်ပျော်ကြီးခရီးထွက်တော့မည်။ ဘာလို့ အစောကြီးထသလဲဆိုပြီး စိတ်ထဲထင့်နေတာ လက်စသတ်တော့ ဒင်းက လူပျိုလူလွတ်ဖြစ်သွားပြီဆိုပြီး အပီကဲတော့မှာကိုး။

The Rules [ COMPLEDED ]Where stories live. Discover now