( Unicode )
" Yu Chan !! "
သူလက်ပြခေါ်တော့ Yu Chan က အနားကိုအပြေးလေးရောက်လာသည်။ လက်ထဲမှာလည်း သူမှာထားတဲ့ မုန့်တွေ၊ အအေးတွေကိုပါယူလာသေးသည်။
" ရုတ်တရက်.. ကိုယ့်ကိုတွေ့ချင်ရတဲ့အ ကြောင်းအရင်းကဘာလဲ "
BaekHyun ခေါင်းလေးကိုပုဝင်ကာသွားစိကာရယ်ပြလိုက်မိ၏။
Yu Chan ကလေ လူကိုကလေးပေါက်စများမှတ်နေသလားမသိဘူး။ တွေ့တာနဲ့ ခေါင်းပေါ်ကဆံပင်တွေဖွပစ်မယ်ဆိုတာချည်းပဲ။
" တစ်အချက်- Yu Chan နဲ့ မတွေ့တာကြာပြီလေ၊ နှစ်အချက် - Hyunee ဒီနေ့ဆံပင်အ ရောင်ဆိုးချင်လို့ အဲ့တာ Yu Chan အားတယ်ဆိုရင် ကူစောင့်ပေးပါဦးလို့ ဟဲဟဲ "
ချစ်စရာကောင်းတဲ့ကောင်လေးကနေ နှစ်လိုဖွယ်အပြုံးလေးတွေနှင့် ချိုသာတဲ့အသံလေးကြားလိုက်ရတဲ့အခါမှာတော့ Yu Chan ကမ္ဘာကြီးက ပျော်ရွှင်ခြင်းတွေထပ်တိုးဝင်ရောက်လာတော့သည်။
သည်လိုအသံလေးတွေ၊သည်လိုပုံစံလေးတွေနဲ့ ဝေးကွာခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
မှတ်မှတ်ရရ BaekHyun နှင့်နောက်ဆုံးတွေ့ခဲ့တာဆိုလို့ အသားကင်ဆိုင်မှာ နှုတ်ဆက်ပွဲအနေနဲ့ဝိုင်းဖွဲ့ကာသောက်ခဲ့ကြတဲ့နေ့ဖြစ် သည်။
သို့သော်ငြား အဖျက်သမား ChanYeol ရောက်လာပြီး Hyunee ကိုဆွဲလားရမ်းလားခေါ်သွားတာကြောင့် Yu Chan တို့လည်းဘာမှမတတ်နိုင်ခဲ့ဘူး။
Hyunee ရဲ့ချစ်သူဆိုတဲ့ ပတ်သက်မှုကြောင့်မျက်ကွယ်ပြုပေးခဲ့ရခြင်းဖြစ်သော်လည်း Yu Chan ရင်ထဲမှာတော့ကျေနပ်နေခြင်းမရှိခဲ့ပါလေ။
" မုန့်ဝယ်လာပေးပါတယ်ဆိုတဲ့ နံပါတ်သုံးအချက်ကျန်သေးတယ်လေ Hyunee ရဲ့ "
အဲ့တော့မှ Hyunee က လျှာတစ်လစ်ထုတ်ကာ မျက်လုံးနှစ်ဖက်မှေးမှိတ်မတတ်ပြုံးရယ်ပြ၏။
" နေမကောင်းဖြစ်ထားလို့ အရသာရှိတာလေး စားချင်လို့ ပူဆာမိတာပါနော် "
" နေမကောင်းဖြစ်ထားတာလား "
" လက်မှာဆေးထိုးအပ်အကြီးကြီးနဲ့ထိုးခံရတယ်.. ဘာမှလည်းမစားနိုင်ဘူး "
YOU ARE READING
The Rules [ COMPLEDED ]
Short Storyချစ်ခြင်းတွေက နားလည်မှုတွေကို အခြေခံ တည်ဆောက်ထားတယ်ဆိုရင် အချစ်စည်း ကမ်းလေးတွေက ချစ်သူကြားက ချစ်ခြင်းတရားတွေကို အချိန်ကြာလေ ပိုတိုးလာစေ ဖြစ်လာစေမှာပါ။ [ CHANBAEK ]