baekhyunရဲ့ စကားအမှားကြောင့်လေထုနဲ့ပတ်ဝန်းကျင်ဟာချက်ချင်းအေးစက်သွားတယ် ။
chanyeolကရှက်ပြီး မျက်နှာကြီးရဲနေသလို
သူကလဲ ပါးစပ်ကိုတဖက်ဖက်နဲ့ရိုက်ရင်း ကိုယ့်ကိုကိုကျိန်ဆဲနေမိတယ် ။
အမြဲတမ်း မလွဲရရင်မနေနိုင်သောပဲ ။
သတိထားနေတာတောင် ပေါက်တတ်ကရက ထွက်ဖြစ်အောင်ထွက်လာသေးတယ် ချီးပဲ။" ဟို ကျွန်တော်ကလေ
အရပ် ဘယ်လောက်ရှည်လဲ မေးတာ
မေးချင်ဇောတအားများသွားလို့ ဗျ ဟီး "ဒီ့ထက်ပိုပြီးရှက်ကိုးရှက်ကန်း မဖြစ်ရဖို့အရေး
ရှိသမျှသွားအကုန်စ်ိပြီး စကားပြန်ပြင်လိုက်တော့
စိတ်အေး သွားပုံရတဲ့ chanyeol က သူ့လည်ကုတ်လေးကိုအရှက်ပြေ ကုတ်ပြီးပြန်ဖြေရှာတယ် ။" wiki မှာရေးထားတဲ့အတိုင်းပဲခင်ဗျ ထပ်ရှည်မလာဘူး "
" အော် ဟုတ် ကျွန်တော်က နည်းနည်းရှည်လာတယ်ထင်နေတာ ဒါဆို နောက်တစ်ခုမေးလို့ရမလား "
" Baekhyun ကြိုက်သလောက်မေးလို့ရပါတယ် "
ခုမှပဲ ပုံမှန်ပြန်ဖြစ်သွားသလိုခံစားရတော့တယ် ။
note စာအုပ်ကိုတဖျက်ဖျက်မြည်အောင်လှန်လှောရှာဖွေရင်း လေထုကြီး ပြန်အေးစက်မသွားဖို့အသည်းအသန်ကိုကြိုးစားနေရတယ်။
မေးခွန်းတွေရေးမှတ်ထားပေမယ့် တကယ်တမ်း မမေးသင့်တာတွေမေးလိုက်မိရင် စောနက အခြေအနေလို ပြန်ဖြစ်သွားမှာကိုလဲတွေးကြောက်နေရတယ် ။" baekhyun မေးရခက်နေရင် ကျွန်တော်တို့
ကော်ဖီဆိုင်ရောက်မှ ဆက်ပြောကြမယ်လေ စဥ်းစားထားပေါ့ "" ဟုတ်ကဲ့ဗျ "
သူ့ရဲ့ပြာယာခတ်နေတဲ့ ပုံစံကြောင့် chanyeol က
အလိုက်တသိနဲ့ဝင်ထိန်းပေးသွားတယ် ။
ရင်တုန်နေတာကြောင့်ရော ဘေးမှာchanyeol ရှိနေတာကြောင့်ရော လူက တအားကို ကတုန်ကယင်နဲ့ ။
ပါးစပ်ကနေ စကားတစ်ခွန်းထွက်ဖို့တော်တော်လေးကြိုးစားယူနေရတယ် ။သိပ်မကြာလိုက်တဲ့အချိန်မှာ သူတို့ကားလေးက
ကော်ဖီဆိုင်တစ်ဆိုင်ရှေ့ကိုရောက်လာတယ် ။
အစီအစဥ်ကို ကြိုတင်မပြောထားလို့ Fanတွေတော့ရှိမနေဘူး ။
ဒါသူ့အတွက် ကံကောင်းခြင်းပဲ ။
သက်တောင့်သက်သာလေး နေလို့ရတာပေါ့ ။