Unicode
" soo စိတ်ဆိုးနေတာလား "
အခန်းထဲဝင်လာပြီး အဝတ်အစားလဲတာကို ထိုင်ကြည့်နေတဲ့sooက ဘာဆိုဘာမှမပြောပဲ သက်ပြင်းတွေပဲချနေတာမို့ဘတ်ဟျွန်းမေးလိုက်တယ်။ chanyeol ကို အမြင်မကြည်တာသိပေမယ့် မတွဲရဘူးရယ်လို့လည်း တားမြစ်ခြင်းမရှိခဲ့ ။ ဒီရက်ပိုင်းမျက်နှာတော့သိပ်မကောင်းရှာဘူးရယ် ။
" လာ necktieက စောင်းနေတယ် hyungလုပ်ပေးမယ် "
" soo မေးနေတယ်လေ စိတ်ဆိုးနေလားလို့ "
necktieကိုပဲစိတ်ရှည်လက်ရှည်ပြင်ပေးနေတဲ့sooဟာ သူမေးတာကိုပြန်မဖြေဘဲ ဝတ်ထားတဲ့အဖြူရောင်suit လေးကိုတောင် သေချာဖြန့်ပေးနေသေးတယ် ။
" soo "
" khyunပျော်နေတယ်မလား hyungကkhyunပျော်တယ်ဆိုရုံနဲ့ကျေနပ်နေပြီလေ
ဘာကိုစိတ်ဆိုးရမှာလဲ အောက်မှာ ဟိုတစ်ယောက်စောင့်နေပြီမလား သွားသွား နောက်ကျနေမယ် "" တကယ်စိတ်မဆိုးဘူးနော် "
" မဆိုးပါဘူးဆိုကွာ သွားစရာရှိတာသွား "
" ခုမှ နေလို့ထိုင်လို့ကောင်းသွားတယ် ဟဲ
ဒါဆို khyunသွားပြီ oh sehunကိုတော့sooပဲကြည့်ပြောထားလိုက်တော့"အခန်းထဲကပြေးထွက်သွားတဲ့baekhyunကိုကြည့်ရင်း ပါးပြင်ပေါ် မျက်ရည်တွေလိမ့်ဆင်းလာတဲ့soo ။
ငယ်ငယ်ကတည်းက ကိုယ့်လက်ပေါ်ကြီးလာတဲ့ကလေးကို သူများလက်ထဲထည့်ပေးလိုက်ရမယ် ဆိုတဲ့ အသိက တကယ်တော့ အဆင်မပြေ လှ ။
တားမယ်ဆိုလည်း khyunလေးပဲဝမ်းနည်းရမှာမို့
ဘယ်လိုမှ သူမတားရက်ပါ။
မိသားစုအပြင် သူစိမ်းတစ်ယောက်ဆီကပါ အချစ်ထပ်ခံရတော့ပိုကောင်းသွားတာပေါ့လို့သာ မှတ်ယူပြီး khyunပျော်နေတာကိုပဲ ကြည့်နေလိုက်မိတော့တာ ။ နှမြောတာကိုတော့ထုတ်မပြဖြစ်ခဲ့ဘူးပေါ့ ။
သက်ပြင်းကြိတ်ချပြီး ဖြေမဆည်နိုင်ဖြစ်နေခဲ့ပေမယ့် ကိုယ့်ထက်ပိုဆိုးတဲ့ ဟွန်းငယ်ကိုလဲချော့ရဦးမယ် ။
လက်ထပ်သွားတာလဲမဟုတ် ဒီတိုင်းတွဲသွားရုံကို စသိထဲက အော်ငိုနေတဲ့ ဟွန်းငယ်က ခုထိ အလုပ်တွေဖျက်ပြီး အခန်းအောင်းနေတုန်းရယ်ပါ ။