မနက်နိုးလို့ မျက်စိနှစ်လုံးပွင့်ပြီး ဖုန်းလေးဖွင့်ချလိုက်တာနဲ့ တန်းစီပြီးတက်ချလာတဲ့articlesတွေ ။
Park Chanyeolနဲ့ အနုပညာလောကထဲက မဟုတ်တဲ့မိန်းကလေးတစ်ယောက်Datingတဲ့။ခွက်ထိုးခွက်လန်ကို ရယ်ချမိလိုက်တော့တာပါပဲ။
ဘယ်နှယ့် schedule တွေက ဆက်နေလို့
ဖင်ယားရင်တောင်ကုတ်ဖို့အားမနေတာကို ဘယ်သူနဲ့သွားဒိတ်ရမှာလဲ ။ပေါက်ပေါက်ရှာရှာပဲ ။
ဒီတလောalbumလဲထွက်ထားပြီး collabတွေလဲဆက်တိုက်လုပ်နေရတော့ ဒါမျိုးတွေတက်လာတာထူးတော့မထူးဆန်း ။
ငြင်းရုံပဲရှိတော့တာပေါ့။Ring......
" Hello hyung Dating တဲ့ဟာသပဲ "
article တွေတစ်ခုချင်းလိုက်ဖတ်ပြီးရယ်နေတုန်းဝင်လာတဲ့ဖုန်းက မန်နေဂျာhyungဆီက ။
ကိုယ်ကသာ ရယ်နေပေမယ့်hyungကတော့သက်ပြင်းတချချနဲ့ ။ စိတ်ပူနေတာ နေမယ် ။" သက်ပြင်းချမနေစမ်းပါနဲ့hyungရာ မြန်မြန်ဆန်ဆန်ငြင်းလိုက် ခုချိန် ကျွန်တော့်fanတွေလဲ ပွက်လောရိုက်နေလောက်ပြီ "
" Chanyeolအဆင်ပြေရင်ပြီးတာပဲ hyung company ကိုအရင်သွားပြီး ဒီကိစ္စကိုရှင်းလိုက်မယ် Chanyeolက ပြီးမှ Baekhyunနဲ့လာခဲ့လိုက် "
" nae hyung ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ် "
မန်နေဂျာhyungဖုန်းချသွားပြီးမှ ညက ဂိမ်းဆော့ထားလို့ မီးနီပြနေတဲ့ဖုန်းကို အားသွင်းပြီး ရေမိုးချိုးဖို့ပြင်လိုက်တယ် ။
ရေချိုးပြီးလို့ အဝတ်လဲခန်းထဲသွားတော့ အမှတ်မထင် Baekhyunကိုတွေးလိုက်မိသေးတယ် ။
အဝတ်တွေကြားထဲကနေ သဘက်ချွတ်ချလိုက်တဲ့သူ့ကို မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်နေခဲ့တာကို မြင်ယောင်မိပါသေးရဲ့ ။ တကယ်ရီရတဲ့ဟာလေး ။အဝတ်အစားလဲ အားလုံးပြင်ဆင်ပြီးစီးတော့ ကိုးနာရီ။ဒီနေ့schedule က ကိုးခွဲစမှာဆိုတော့ ခုထဲက ထွက်မှ ကားပိတ်တာဘာညာနဲ့အဆင်ပြေမှာ ။
အဆင်မပြေတာက ခုထိ Baekhyun ကြွမလာသေးတာပဲ ။ သေချာမှာထားရဲ့သားနဲ့ ဒီကောင်လေးဘာလို့ရောက်မလာရသေးတာလဲ။ဖုန်းဆက်ကြည့်မှဖြစ်မယ် ။