Unicode
:: လူကြီးမင်းပို့သော message အား လိမှ reply မပြန်ပါ 🖕
ငါးဆယ့်ငါးကြိမ်မြောက်ပြန်ရတဲ့replyကိုကြည့်ပြီး
chanyeolသက်ပြင်းချကာ practice roomရဲ့ကြမ်းပြင်ပေါ် ပက်လက်လှန်ချလိုက်တယ် ။
သူ baekhyunကိုဆက်သွယ်လို့မရတာ ခုဆိုရင် သုံးရက် ။
သူဘာပို့ပို့ auto replyလုပ်ထားသလိုမျိုး စောစောကmessageကိုပဲထပ်ခါတလဲလဲ
ပြန်ရနေတော့တာ ။ ဟိုနေ့က ကိစ္စကို စိတ်ဆိုးမပြေသေးဘူးလား ။အရင်ဘုကလန့်လေးတွေပြန်ပို့တာကမှ နေသာထိုင်သာရှိသေးတယ် ။ ခု ဒီလိုချည်းလုပ်နေတော့ သူ့မှာ ဘာလုပ်လုပ်စိတ်မပါနိုင်ပဲ အကုန်တလွဲတချော်နဲ့ ။
အလုပ်လဲ ကောင်းကောင်းမလုပ်နိုင်သလို အစားလဲကောင်းကောင်းမစားနိုင်ဘူး ။" မင်းမရှိတော့ ဘာတစ်ခုမှကို အဆင်မပြေဘူး baekhyun ရေ ..."
" လွမ်းနာကျနေတာလား chanyeol "
" Kai မင်းဘယ်လိုလုပ် ! "
အခန်းထဲတစ်ယောက်တည်းရှိတယ်ထင်ပြီး အော်ငြီးလိုက်ပေမယ့် ဘယ်ချိန်က ဝင်လာလိုက်မှန်းမသိတဲ့
Kai ရဲ့အသံကြောင့် လန့်ဖြန့်ပြီးထထိုင်လိုက်မိတယ် ။ Kai ကြားသွားပြီလား!!" ဒီရက်ပိုင်း အရမ်းထူးဆန်းနေတယ်မှတ်တာ လက်စသတ်တော့ တောက်တိုမယ်ရလေးကို လွမ်းနေရှာတာပဲ "
" မဟုတ်ပါဘူး ငါက ဘာလို့သူ့ကိုလွမ်းရမှာလဲ "
" လာလိမ်မနေနဲ့ မင်းအကြောင်းမသိရင်ခက်မယ်
baekhyunမရှိထဲက စိတ်မမှန်နေတာ ငါက မရိပ်မိဘူးထင်နေလို့လား "Kaiရဲ့ ယုံကြည်ချက်အပြည့်နဲ့ အခိုင်အမာပြောနေမှုကြောင့် သူ့မှာ ငြင်းမရ ။
ဘာပဲဖြစ်ဖြစ် Kaiကတော့ စိတ်ချရလောက်မှာပါ
သူ့ရင်ထဲဘာတွေပူလောင်နေလဲ ဆိုတာ ဖွင့်ထုတ်ပြီး တိုင်ပင်လိုက်သင့်လား..." Kai ငါလေ "
" အင်းသိတယ် baekhyun ကိုကြိုက်နေတာမလား "
" ဟမ် မင်းဘယ်လိုသိ! "
သူဘာမှမပြောရသေးခင် Kaiကပြုံးစစနဲ့အရင်ဖြတ်ပြောလာတာမို့ အံ့သြမှုကြောင့် သူ့မှာပါးစပ်အဟောင်းသား ။ သူကိုယ်တိုင်တောင်မသေချာတာ Kai ကဘယ်လိုလုပ်ပြီးများ..