Unicode
ဒီကနေ့ ရာသီဥတုကမသာယာ။
မိုးတွေအုံ့ပြီး မြူပါဆိုင်းနေလို့ အသွေးအသားထိတိုင် စိမ့်ဝင်နေတဲ့အအေးဓါတ်က မခံမရပ်နိုင်လောက်အောင်ကိုဖြစ်နေတာပင်။
မာဖလာကို လည်ပင်းတစ်ခုလုံးလုံနေအောင်ပတ်
အထဲက sweatshirt ကိုမှ
အနွေးထည်ရယ် ကုပ်ရယ်ထပ်ဝတ် beannieကိုနားရွက်ကွယ်အောင်စွပ်ပြီးလူတစ်ကိုယ်လုံးကို မြုပ်နေစေလိုက်တာတောင် ချမ်းစိမ့်စိမ့်ဖြစ်နေတုန်းမို့ကားပေါ်ဆောင်ထားနေကျ စောင်အပါးလေးကို ထပ်ခြုံလိုက်တော့ မန်နေဂျာ hyungရဲ့ အေးတတ်ရန်ကောဆိုတဲ့အကြည့်နဲ့ အကြည့်ခံလိုက်ရတယ် ။
မတတ်နိုင်ဘူး နွေးရင်ပြီးရော ဘယ်လိုကြည့်ကြည့် ။ကားလေးက တရွေ့ရွေ့နဲ့companyရှေ့ရောက်လာတော့ထုံးစံအတိုင်း Byun Baekhyunက ရှေ့မှာရပ်စောင့်နေလေရဲ့ ။ hoodie အဖြူရောင် အကြီးကြီးကိုမှအောက်ကဂွမ်းဘောင်းဘီအသားရောင်ပွပွကြီးနဲ့တွဲဝတ်ထားပြီး ခေါင်းပေါ်မှာ နားရွက်နှစ်ဖက်ထောင်နေတဲ့ သိုးမွှေးဦးထုပ်ကို ဖရိုဖရဲဆင်မြန်းထားတဲ့အနှီလူသားက အေးလွန်းလို့ထင် sneaker အဖြူလေးစီးထားတဲ့ခြေထောက်နှစ်ချောင်းကို ခုန်ဆွခုန်ဆွလုပ်နေတယ်။
ဒီလောက်အေးနေတာကိုအထဲဝင်စောင့်ရကောင်းမှန်းမသိ ။ ပြောရင်လည်း နှုတ်ခမ်းကတစ်ထောင်လောက်ထွက်လာပြီးကတ်ကတ်လန်ရန်ပြန်တွေ့ဦးမယ်။ချစ်စရာကောင်းတာကလွဲသုံးစားရတာကိုမရှိ။
" ယုန်လိုလိုအကောင် အထဲဝင်မယ် မြန်မြန်လိုက်ခဲ့ "
ကားပေါ်ကဆင်းပြီးတာနဲ့ companyထဲသုတ်ခြေတင်ဝင်သွားတဲ့chanyeolနောက်Baekhyunကောက်ကောက်ပါအောင်ပြေးလိုက်ရတယ် ။
သူအချိန်မှားပြီး စောရောက်နေလို့ တစ်နာရီလောက်
အေးအေးကြီးထဲရပ်လိုက်ရတယ်လေ ။
ခဲမသေတာကံကောင်း ။chanyeolကသူ့ကိုတစ်ချက်တောင်လှည့်မကြည့်ဘဲ
ဓါတ်လှေကားထဲဝင်သွားတော့ နောက်ကနေလိုက်ဝင်လိုက်တယ် ။ ခုမှပဲနည်းနည်းနွေးသွားတော့တယ် ။