တီရှပ်အဝါရောင်လေးရယ် ဒူးလောက်ရှိတဲ့ ဂျင်း ဖျော့လေးရယ်ကို တွဲဝတ်ပြီး လျှာထိုး ဦးထုပ် အနက်ကလေးခေါင်းပေါ်တင်ကာ မှန်ရှေ့ တစ်ပတ်လှည့်လိုက်တယ် ။
" ok ရပြီ ဘောင်းဘီလဲပါပြီ "
ခါးကိုနည်းနည်းကိုင်း ဘောင်းဘီကို
လက်နှစ်ဖက်နဲ့ သေသေချာချာကြီး ကိုင်ကြည့်ပြီးမှ
သဘောတကျ ရေရွတ်လိုက်တယ် ။
Byun Baekhyunတို့က တစ်ခါပဲအမှားခံမယ် ။
နောက်တစ်ခါဆိုတာ ဘယ်တော့မှမရှိစေရဘူး ။စိတ်တိုင်းကျပြီဆိုမှ ကုတင်ပေါ်တင်ထားတဲ့ကျောပိုးအိတ်လေး ကောက်လွယ်ပြီး အခန်းထဲကထွက်မယ်အလုပ်
" အဲ အောက်ခံဘောင်းဘီ မဝတ်ထားမ်ိဘူးလားမသိဘူး
"ဟိုတစ်ခါလို ဖြစ်မှာစိုးလို့ ဘောင်းဘီတော့မမေ့မလျော့ဝတ်လိုက်ပေမယ့် အောက်ခံဘောင်းဘီဝတ်မ်ိလားမဝတ်မိလားဆိုတာတော့မသေချာ ။
ဘောင်းဘီဇစ်လေးနည်းနည်းဟပြီးချောင်းမိမှ
တကယ်ကြီးမဝတ်ထားမိတာပဲ ။
သူသာသတိမရရင် တနေကုန်ဆို ပွန်းပဲ့ကုန်တော့မှာ။
တော်ပါသေးရဲ့ ။" အမြဲ တစ်ခုမဟုတ်တစ်ခုလွဲနေတာပဲ ကျစ် "
တစ်ကိုယ်လုံးပြီးပြည့်စုံအောင် လုပ်ပြီးကိုင်ပြီးမှ
ထွက်လာခဲ့ရတယ် ။
ရှစ်နာရီအရောက်သွားချင်ပေမယ့် ခုဆို ရှစ်နာရီတောင်ခွဲတော့မယ် ။
ပထမဆုံးရက်ကိုလဲ သောက်တလွဲနဲ့စရပြန်တာပါပဲ ။" ပါပါး ကျွန်တော်အလုပ်သွားတော့မယ် "
လှေကားကဆင်းလာပြီး လက်ရန်းအဆုံးမှာ ဟန်ပါပါမှီရပ်ရင်း ဦးထုပ်လျှာကိုနောက်ကိုပို့ကာ မျက်နှာချီပြီးပြောနေတဲ့သူ့ကို ပါပါးက မျက်မှန်ဝိုင်းကြီးအောက်ကနေ မယုံသက်ာ နဲ့ လှမ်းကြည့်နေတယ် ။
" မင်းက ဘာအလုပ်လုပ်မှာလဲ
နောက်က လိုက်ရှင်းရမှာတွေဆိုရင် မလွန်ခင်ထဲက ရပ်လို့ပဲပြောမယ်
"" CYA "
" ဘာလဲ CYA
CEOမဟုတ် CTOမဟုတ် နဲ့
ဘယ်ကပေါက်တတ်ကရ ရာထူးလဲ "