Unicode
တိမ်ကနဲဝင်လာတဲ့ messageသံကြောင့် ကုတင်ပေါ်လှဲနေရင်းက ထခုန်လိုက်မိတယ် ။
scheduleပြီးသွားပြီမို့ chanyeol shiက လာခေါ်မယ်တဲ့ ။
သူတို့မတွေ့ရတာ တစ်ပတ်နီးနီးတောင်ရှိရော့မယ် ။
chanyeol shiက ostတွေရော showတွေရောနဲ့လုံးလည်ချာလည်လိုက်နေတော့ သူလည်းပဲအလိုက်တသိငြိမ်နေခဲ့ရတယ် ။
ခုတော့ စောင့်ရကျိုးနပ်ခဲ့ပြီဟီဟီ ။အဝတ်အစားကမန်းကတန်းလဲ အခန်းတံခါးလေးအသာဖွင့် ခေါင်းပြူပြီးအပြင်ကိုချောင်းတော့ ဘယ်သူ့မှတော့မတွေ့ ။ sooကလည်း လုပ်ငန်းခွင်ကိုခုမှစဝင်တာမို့လို့အလုပ်များပြီး ရုံးနဲ့နီးတဲ့နေရာမှာအိမ်ငှားနေနေတာ သုံးလေးရက်လောက်တောင်ရှိပြီ ။
ခုသူကျော်ဖြတ်ရမှာက မာမားအပြင်မရှိ ။အိတ်တစ်လုံးပိုက်ပြီး ခိုးကြောင်ခိုးဝှက်ဆင်းလာတော့ မီးဖိုခန်းထဲက တဒုတ်ဒုတ်နဲ့ခုတ်ထစ်သံတွေကြားရတာမို့ မာမား ဟင်းချက်နေတာမှန်းသိလိုက်တယ်။
မပြောဘဲသွားလို့လဲမဖြစ်သေးတော့
အနားကိုမသိမသာလေးတရွေ့ရွေ့ တိုးကပ်သွားလိုက်ရင်း" မာမား "
" ပြော "
ဒုတ် !
ဂလု !
တိုးတိုးလေးကပ်ခေါ်လိုက်ပေမယ့် ဖြည်းဖြည်းသက်သာပြန်မထူး ။ စဥ့်တီတုံးပေါ်က ကြက်သားကြီးကို ဒုတ်ခနဲမြည်အောင် အားနဲ့ခုတ်ချပြီး ဆောင့်ဆောင့်အောင့်အောင့်ပြန်ဖြေတာမို့ တံတွေးတောင်ဂလုခနဲမြိုချလိုက်မိတယ် ။
" ဟို ဟိုလေ အ အပြင်ခနသွားချင်လို့ "
" မိုးချုပ်နေပြီ မသွားရဘူး "
ဒုတ် !
လူကိုတစ်ချက်ကလေးတောင်စောင်းငဲ့ကြည့်ဖော်မရဘဲ ကြက်သားကိုပဲ အငြိုးကြီးနဲ့ခုတ်နေကာ
တားမြစ်ပြန်ရဲ့ ။" ဟာ မာမားကလည်း မမှောင်သေးပါဘူး ခနပဲသွားမှာလေ နော် "
မသွားရရင်လည်းမဖြစ်တော့ ကြောက်စိတ်ကိုဖြောက်ပစ်ပြီး မာမားလက်မောင်းကို အရဲစွန့်ကိုင်လို့
ထပ်ခွင့်တောင်းမိတော့
ဓါးကြီးကိုင်လျက်နှင့်လှည့်လာကာ