CYA လေးရဲ့ဒုတိယမြောက်နေ့ ။
မနေ့ကတော့chanyeolကသူ့ကို ဘာဆိုဘာမှမခိုင်းဘဲ မန်နေဂျာhyungဘေးကနေပဲအထုတ်သယ်ပြီးစောင့်ခိုင်းလို့ ဘာမှမဖြစ်လိုက် ။
ဒီနေ့ကတော့ အတည်ကြီးလုပ်တော့မှာဖြစ်လို့
အတတ်နိုင်ဆုံးကြိုးစားလုပ်ဖို့ ဆုံးဖြတ်ထားတယ် ။" Baekhyun ပစ္စည်းတွေ ကားပေါ်ရောက်ပြီလား "
"ဟုတ် ရောက်ပြီဗျ "
all black နဲ့ chanyeol parkက နေကာမျက်မှန်အမဲကြီးနဲ့ ခန့်ညားနေလိုက်တာများ တော်တော်ကြာအောင်ငေးယူရတယ် ။
သူ အိမ်ထောင်ဖက် ရွေးချယ်တာသိပ်မှန်တာပဲ ။
ခင်ပွန်းလောင်းက စာဖွဲ့ပြလို့မရလောက်အောင်ကို ချောတယ် ။" ဘာငေးနေတာလဲ တက်လေကားပေါ် "
" chanyeol shiက ကျွန်တော်မျက်နှာမလွှဲနိုင်လောက်အောင်ချောနေလို့လေ "
" အပိုတွေပြောမနေနဲ့ တက်မြန်မြန် "
" ဟုတ်ကဲ့ "
စပ်တိစပ်ဖြဲနဲ့ ရှေ့ကနေ ငေါ့တော့တော့တက်သွားတာက ရှေ့ခန်းကမန်နေဂျာဘေးကိုမဟုတ်ဘဲ
chanyeolထိုင်တဲ့နောက်ခန်းကို ။
ကျကျနန ဝင်ထိုင်ပြီး သူ့ကိုပါလက်ယက်ခေါ်နေသေးတာမို့ စိတ်ကမရှည်တော့တာနဲ့ ဂုတ်ကနေ ဆွဲချလိုက်တော့ အသာလေးပါလာလေရဲ့ ။" အဲ့ဒါငါ့နေရာလေ ကြောင်တောင်တောင်နဲ့
သွား ရှေ့ကို "" ယောင်သွားလို့က်ို chanyeol ကလဲ စိတ်ကြီးပဲ "
သူကလဲမှားသေးတယ် လူကိုလဲမကျေမနပ်ပြောသွားတယ် ။
အမယ် ပြီးတော့ ရှေ့ခန်းမှာ နှုတ်ခမ်းကြီးဆူပြီးထိုင်နေပြန်ရဲ့ ။
chanyeolကပဲ ပြန်ချော့ရမဲ့ ဒီဇိုင်းနဲ့ ။" ဒီနေ့ကကုမ္မဏီမှာ practice ပဲသွားလုပ်ရမှာ
မင်းက ငါ့ဘေးမှာ တောက်တိုမယ်ရ လုပ်ပေးရင်ဖြစ်တယ် မန်နေဂျာhyungက တခြား schedule တွေအတွက် ပြင်ဆင်ရမှာမို့လို့ အနားမှာရှိမှာမဟုတ်ဘူး
မင်း ငါခိုင်းတာကိုပဲအဆင်ပြေပြေလုပ်ပေး ကြားလား "chanyeolဖုန်းကိုကြည့်နေလျက်နဲ့ပဲ ရှေ့ခန်းက တလွဲကျော်ကို ပြောလိုက်တယ် ။
ဒါပေမယ့် တစ်မိနစ်လောက်သာ ကြာသွားတယ် ။
ဘာသံမှထွက်မလာတဲ့baekhyunကြောင့် မော့ကြည့်လိုက်တော့ ကိုယ်တော်က ဟမ်ဘာဂါတစ်လုံးကိုအားရပါးရကြိတ်နေလေရဲ့ ။