Unicode
အလုပ်ကနေ baekhyunတစ်ယောက်မြူးထူးတက်ကြွစွာနဲ့ပြန်လာခဲ့တယ် ။ အိမ်ရောက်ရင် ကုတင်ပေါ် ပြစ်လှဲပြီး အနားယူမယ်ဆိုတဲ့အကြံနဲ့။
ဘာမှမလုပ်ရပဲ ဟိုမှာတနေကုန် မှောက်လိုက်လှန်လိုက် လုပ်နေခဲ့ရလဲပဲ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တော့ ပင်ပန်းတယ်လို့ခံစားရဆဲ။တက္ကစီပေါ်က ဆင်းပြီး ခြံတံခါးကိုအသာလေးတွန်းလို့ ခုန်ပေါက်ပြီးဝင်လာခဲ့တဲ့သူ့ခြေလှမ်းတွေဟာ ဧည့်ခန်းအရောက်မှာ တုန့်ခနဲရပ်လို့သွားရတယ် ။
" So.. Sooက ဒီ ဒီကိုဘယ်လို"
အသံတွေတုန်လို့ ထစ်ထစ်ငေါ့ငေါ့ပြောနေတဲ့
သူ့ကို ဆိုဖာပေါ်ခြေချိတ်ထိုင်နေတဲ့ Do Kyung Sooက မျက်လုံးလှန်ကြည့်တယ် ။ ရုပ်ကလဲတည်တင်းနေလိုက်တာမှ ပေါက်ကွဲထွက်တော့မလိုပဲ။" ခု ဘယ်ချိန်ရှိနေပြီလဲ "
" ၇ ၇နာရီခွဲ "
" ဒီချိန်ထိ ဘယ်တွေသဝေထိုးနေတာလဲ
ငါမင်းကိုဘယ်ချိန်ထိပဲ အပြင်မှာနေလို့မှာထားသလဲ "" ဟို.."
အမှန်တိုင်းဖြေရင် အသတ်ခံရနိုင်တာကြောင့်
ပါးနဲ့မားကိုစစ်ကူတောင်းဖို့ရှာလိုက်ပေမယ့် စောနကတင် တစ်ဖက်ဆိုဖာမှာ သတင်းစာဖတ်နေတဲ့ ပါးကချောင်းတစ်ချက်ဟန့်ကာထထွက်သွားပြီး မားကလည်း မီးဖိုချောင်ထဲကနေ ခေါင်းပြူပြီးသူ့ကိုလျှာထုတ်ပြောင်ပြတယ် ။ အာ တကယ်ကို ကူကယ်ရာမဲ့နေပြီပဲ ။ ရှေ့ကလူကို ကြောက်လွန်းလို့ သူ သေးတောင်ထွက်ကျတော့မယ် ။" အမှန်တိုင်းဖြေတာပဲလိုချင်တယ်
ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့ "" Soo yahh ..khyunကို တစ်ခါလောက်ပဲခွင့်လွှတ်ပေးလို့မရဘူးလား "
မတတ်သာတော့တဲ့အဆုံး သူSooဘေးကို အပြေးလေးသွားပြီး လက်မောင်းတွေကို ဆွဲလှုပ်ကာ အသနားခံရတော့တယ် ။
Do Kyung Sooဆိုတာက တစ်မျိုးလုံးမှာBaekhyunကြောက်ရတဲ့တစ်ဦးတည်းသောလူသား ။ ပါး အကိုရဲ့ အားကိုးရတဲ့သားဖြစ်သလို
သူ့အပေါ်လဲ စည်းကပ်တင်းကြပ်လွန်းတဲ့ အကိုတစ်ယောက် ။ လွန်ခဲ့တဲ့နှစ်တွေက တစ်ခြားနိုင်ငံက
ကုမ္မဏီမှာ Sooက အတွေ့အကြုံရအောင်သွားလေ့လာနေခဲ့လို့ သူတအားတွေလွတ်လပ်နေခဲ့တာ ။
ခုတော့ သူ့ဘဝလေးတော့ ရှင်လျက်နဲ့သေရတော့မှာပါလား ။ park chanyeolကယ်ပါ ..