21

1.4K 207 45
                                    

Unicode

"ကတုံး​လေး အားတဲ့ချိန်ဖုန်းဆက်လိုက်မယ် လာ​တွေ့​​နော် "

" အ​ခြေအ​နေကြည့်ပြီးလစ်ထွက်ခဲ့ပါ့မယ်ခင်ဗျ "

မျက်လုံး​လေး​တွေပိတ်​အောင်ပြုံးပြီးပြန်​​ဖြေလာတဲ့​ကောင်​လေး​ကြောင့် သူသ​​ဘောကျစွာ ကတုံး​လေးကိုလှမ်းပုတ်လိုက်တယ် ။ဒီလိုချစ်စရာ​လေးကိုသူဘာလို့​​စော​စောက ဖွင့်မ​ပြောနိုင်ခဲ့ရတာလဲ ။
သူ့အိမ်က မျက်နှာ​ကြောတင်းကောင်​ကြောင့်သာ​ပေါ့ ။ မဟုတ်ရင် အရင်လိုအနားခေါ်ထားလို့ရမှာ ။

" လမ်းက​မှောင်​နေတာပြန်ရဲရဲ့လား အိမ်​ရှေ့ထိလိုက်ပို့မယ်​လေ "

" အာ မဖြစ်ဘူး မဖြစ်ဘူး sooသိရင် တန်းပြီးစစ်ထဲဝင်ရလိမ့်မယ် "

လမ်းထိပ်မှာတင်ရပ်ခိုင်းတဲ့​ကောင်​လေးက သူအိမ်ထိလိုက်ပို့မှာကိုလက်မခံ ။လက်တခါခါ ​ခြေတခါခါနဲ့အသည်းအသန်ကိုငြင်းရှာတယ် ။
ဟူး ငါ့ကတုံး​လေးလဲ တစ်ဒုက္ခပဲ ။

" ဒါဆို ဒီက​နေပဲလှမ်းကြည့်​ပေး​နေမယ် "

" အွန်း တာ့တာ​နော် ကျွန်​တော့်ကို ပြန်ချစ်​ပေးတဲ့အတွက်​ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ "

​ခေါင်း​လေးညွှတ်ပြီးအသည်းယား​အောင်လုပ်​နေပြန်တဲ့​ကောင်​လေး​ကြောင့် ရင်ထဲမှာ ကျလိကျလိနဲ့။
ယင်​ကောင်ဝင်​နေသလိုပဲ ။

" ​မနက်ဖြန်​တွေ့မယ် "

​ကောင်​လေးဆင်းသွားတဲ့လမ်းကို ကားမီး​
တောက်​လျှောက်ထိုး​ပေးထားပြီး အိမ်ထဲဝင်သွားတာ​သေချာမှ လှည့်ပြန်ခဲ့လိုက်တယ် ။ ဒီည​တော့ အိပ်မက်လှလှ​တွေနဲ့ အိပ်လို့​ကောင်း​တော့မယ်ထင်ပါရဲ့ ..

_______________________________________

ဘာမ​ပြောညာမ​ပြော ကတုံးတုံးချပြီးမှ ကိုယ့်အိမ်ကို ခိုး​ကြောင်ခိုးဝှက်ဝင်လာရတဲ့ဘဝ ။
ခြံတံခါးကိုအသာ​လေးတွန်းဝင်  အိမ်ထဲတန်းမသွားရဲဘဲ ​ဘေး​ပတ်ပတ်လည်က​နေ ဧည့်ခန်း​တွေမီးဖို​ချောင်​တွေအရင်လူရှင်းလား ​ချောင်းကြည့်​နေရတယ် ။
​ဆောင်းရာသီကြီးကို ဦးထုပ်မပါဘာမပါ ကတုံး​ပြောင်ကြီးနဲ့ဆ်ို​တော့ နှာ​တွေစီးပြီး ဟက်ချိုးဖြစ်ချင်တာ​တောင် အသံထွက်မှာစိုးလို့မ​ချေရဲ ။

Don't Touch My Man 《Completed》Where stories live. Discover now