Unicode
မနက်အစောကြီးထဲက ဘူးပေါင်းသောင်းခြောက်ထောင်နဲ့ ရောက်ချလာတဲ့ကောင်လေးက ဂျပန်tour အတွက် အဝတ်အစားထည့်နေတဲ့
chanyeolကိုနောက်ကနေသိုင်းဖက်ပြီး ပုခုံးပေါ်မေးလေးတင်တာ ကပ်ချွဲနေလေရဲ့ ။
လိုက်ခဲ့ချင်တယ်လို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ထဲကအကြိမ်ကြိမ် ခွင့်တောင်းနေပေမယ့် ပင်ပန်းမှာစိုးလို့chanyeolကလုံးဝခွင့်မပြုခဲ့ ။
ခုလဲပဲ မနက်ဖြန်ဖြင့်သွားတော့မှာကို မရမကလိုက်ခွင့်တောင်းနေတုန်းပဲရယ် ။" chanyeol shi ကျွန်တော်လိုက်ချင်တယ်လို့ဆို "
" မလိုက်ရဘူး ဗြောင်လေးပင်ပန်းမှာ "
" မပင်ပန်းအောင်နေမယ်လေဗျာ လိုက်ခွင့်ပေးပါနော် "
လက်မလျှော့နိုင်သေးတဲ့ကောင်လေးဟာ chanyeolရဲ့ နားရွက်တွေကို တတိတိလာကိုက်နေပြီး
အမျိုးမျိုးကိုဆွဲဆောင်နေတော့တာ ။
ဒါမယ့်လည်း ဂျပန်မှာအလုပ်တွေများမှာမို့ သေချာပေါက်ပင်ပန်းရမှာ ။ ဒီကောင်လေးကိုလဲအချိန်ပေးနိုင်မှာမဟုတ်လို့ ခေါ်သွားဖို့က လုံးဝကိုမဖြစ်တာပါ။" chanyeol လို့ ..ကျွန်တော်လိုက်ခဲ့ချင်တယ်လေလို့ .."
" ဟာ ဗြောင်လေး ကိုယ်ဒီမှာ ပစ္စည်းတွေထည့်နေတယ်လေကွာ "
အဆိုးအသွမ်းလေးက တဖြည်းဖြည်းနဲ့ရှေ့ရောက်လာကာ တင်ပျဥ်ခွေထိုင်နေတဲ့chanyeolပေါင်ပေါ် လူတစ်ကိုယ်လုံးအတင်းတိုးဝင်ပြီး တက်ထိုင်လာရုံမက chanyeolခါးကိုပါ သူ့လက်လေးတွေနဲ့သိုင်းဖက်ထားသေးတယ် ။
" ကျွန်တော့်ကို လိုက်ခွင့်မပေးမချင်း ဒီလိုကပ်နေမှာ "
" အာ ဗြောင် အဲ့လိုမလုပ်နဲ့လေ! ယားတယ်"
ဆံပင်ငုပ်စိလေးတွေပေါက်နေပြီဖြစ်တဲ့ကတုံးလေးက သူခေါင်းလေးနဲ့ chanyeolမေးစေ့ကို မထိတထိလာလာပွတ်ပြီး အတင်းကိုချွဲနေတော့တာဗျာ ။ ဒီလူကို မပျော့ပျော့အောင်ကို ပြုစားနေတော့တာ ။
" ကိုယ်အသည်းယားလာရင် တစ်ရက်နဲ့တစ်ညလုံး မထနိုင်အောင် နမ်းတော့မှာနော် ဗြောင် "