Unicode
"မာမား သားသွားပြီနော် "
" စောစောပြန်ခဲ့ "
" ဟုတ် မာမား
Soo လက်စဂိုး "ထူးထူးခြားခြား Soo hyungက clubလိုက်ပို့တယ် ။အမှန်တိုင်းပြောရရင် သူတစ်ခါမှclubမရောက်ဖူးဘူး ။ Soo က chanyeol ဆီမှာပြန်မလုပ်ရင်ရပြီ ကြိုက်တာပြောသူအကုန်လုပ်ပေးမယ်ဆိုလို့ တစ်ခါမှမရောက်ဖူးတဲ့clubကို ကြုံတုန်းလေး ရောက်ဖူးအောင် အခွင့်ကောင်းယူလိုက်တာရယ် ။
မားတို့ပါးတို့ကတော့ Sooပါတာမို့အထွေအထူးဘာမှပြောနေစရာမလို ။ မုန့်ဖိုးတောင်ထုတ်ပေးလိုက်သေးတယ် ။ သူကလဲဒါမျိုးဆိုသိပ်သိပ်ကြိုက်ပဲ ။
" ဟိုရောက်ရင် အရက်မသောက်ရဘူးနော်khyun "
" သိပါတယ် Sooကလည်း "
ကားပေါ်ရောက်တာနဲ့Sooကသူ့ကိုသတိပေးလာတယ် ။ အမှန်လည်းသူကအရက်မသောက်တတ်ဘူး ။တစ်ခွက်လောက်မော့ရင်ကိုလူကယိုင်ထိုးနေပြီ ။
သူ့ရဲ့အရက်သောက်နိုင်တဲ့levelက အတော်လေးကိုဆိုးဆိုးဝါးဝါးပဲ ။" ဆယ်ဟွန်းနီး စိတ်ဆိုးနေတယ် သူ့မခေါ်လို့တဲ့ "
" သူကအဲ့လိုနေရာတွေသွားချင်တိုင်းသွားလို့မှမရပဲဗျာ စိတ်ဆိုးလဲဆိုးပေါ့ "
" မနေ့ကကျအတင်းလိုက်ကပ်ပြီး သူ့ရှူတင်ရှိတဲ့ ဟိုတယ်ကိုသွားအိပ်နေပြီးတော့ "
" ဟီး ဒါကတော့ အဲ့ဟိုတယ်ကမိုက်တာကြီးကို "
သွားဖြီးပြီးရီပြလာတဲ့ baekhyunကို sooတစ်ယောက်ကားမောင်းနေရင်းကနေ ခေါင်းလေးကိုလှမ်းပုတ်လိုက်တယ် ။ ဒီချစ်စရာကောင်းတဲ့ညီတစ်ယောက်ကို သူ့မှာ ဘယ်နားဖွက်ရမှန်းမသိဖြစ်နေတာ ။ ဆယ်ဟွန်းနီးကိုလည်း ချစ်ပေမယ့်
khyunကတော့ သူတို့တစ်မျိုးလုံးရဲ့ အဖိုးတန်ရတနာလေးမို့ အကုန်လုံးကအချစ်ပိုကြတယ် ။
ကျောင်းပြီးတာတောင်အလုပ်မလုပ်ခိုင်းတဲ့အထိပဲ ။
ဒါကို ဒင်းလေးက သူများဆီတောက်တိုမယ်ရသွားလုပ်သေးတယ် ။ မရိုက်ရက်လို့သာပေါ့ မဟုတ်ရင် တုတ်ကောက်ခိုင်းပြီးနာနာလေးတစ်ချက်တီးလိုက်ချင်တယ် ။