" ရော့ "
မနက်ခင်းပြေးဖို့ခြံရှေ့အထွက် ဘယ်ချိန်တည်းက ရောက်နေမှန်းမသိတဲ့byun baekhyun ဆိုတဲ့ ဟာလေးက ရှေ့က ပိတ်ရပ်ပြီး လက်ထဲက ချောကလက်ကိတ်ကို အတင်းထိုးပေးလာတယ် ။
" ဒါကဘာအတွက်လဲ "
" လာဘ်ထိုးတာ "
" ဘာ! "
" ဒီမုန့်လေးစားပြီး မနေ့ကလုပ်ခဲ့သမျှတွေကိုခွင့်လွှတ်ပေး "
ခေါင်းကမြေကြီးထဲရောက်အောင်ထိငုံ့နေပြီး နှုတ်ခမ်းတဆူဆူနဲ့ ပြောနေပုံကိုက မတရားတွေခွင့်လွှတ်ချင်စရာ ။
ချိုချိုသာသာပြောရင်တောင်လက်ခံနိုင်သေးတယ်
ခုဟာက ဆောင့်ကြီးအောင့်ကြီးနဲ့ ။" ရော့ ယူလေ လက်ညောင်းနေပြီ "
" မင်းငါ့ကို ချိုချိုသာသာပြောဖို့စိတ်ကူးမရှိဘူးလား "
အတင်းထိုးပေးနေတဲ့ချောကလက်ကိတ်ကိုမယူသေးဘဲ
လက်ကိုပါတမင်ပိုက်ပစ်လိုက်ပြီး ခပ်တည်တည်နဲ့ပြန်မေးလိုက်တော့ ခေါင်းကိုဆက်ကနဲမော့လာကာ
မျက်စောင်းခဲပြီး ကြည့်လာတယ် ။
တော်တော်လေးကိုခွင့်လွှတ်ပေးချင်စရာကောင်းပါပေရဲ့ ။" ခနကကျခေါင်းကိုမြေကြီးထဲရောက်အောင်ငုံ့နေပြီးတော့
ခုကျ ဘယ်လိုအကြည့်တွေနဲ့လာကြည့်နေပြန်တာလဲ
အပြစ်လုပ်ထားတာက မင်းနော် ငါမဟုတ်ဘူး "" စစလုပ်ချင်းဆိုတော့နည်းနည်းတော့လွဲမှာပေါ့
နောက်မလွဲအောင် လုပ်ရင်ရပြီမဟုတ်ဘူးလား ""မင်းကိုငါ ဘယ်လိုဆက်ပြီးယုံကြည်ပေးရမှာလဲ
"" ကျွန်တော်ဒီတစ်ခါတကယ်သေချာပြီ
နောက်တစ်ခါ မရှိစေရဘူးဗျာ နော်
ပြီးတော့ မနေ့က တစ်နာရီလောက် ဘောင်းဘီချွတ် နဲ့နေခိုင်းပြီးပြီပဲကို ခွင့်လွှတ် ပေးပါတော့
နော် နော် နော်လို့ "" မသိရင် ငါကပဲ တမင်ဘောင်းဘီချွတ်ခိုင်းထားတဲ့ပုံနဲ့ လူကြားမကောင်းအောင်ပြောမနေစမ်းပါနဲ့
ဒီနေ့ ထပ်စောင့် ကြည့်လို့မှအချိုးမပြေသေးရင်
တကယ်ထုတ်တော့မှာနော် ကြားလားပြောတာ "" ဟီး ဟုတ်ဟုတ် အဲ့ဒါမို့ chanyeolကို ချစ်နေရတာ
အွန့်
ဒါလေးစားလိုက် "