ဘဝမှာ သင်ခန်းစာအကြီးကြီး တစ်ခုကိုchanyeol ခုလေးတင်ပဲရလိုက်တယ် ။
Byun Baekhyun အလိုကို နောက်ဘယ်တော့မှမလိုက်တော့ဘူးဆိုတာပါပဲ။
ပြေးရာကပြန်လာပြီးရေတူတူချိုးမယ်ဆိုကာတံခါးကိုအတင်းဆွဲဖွင့်နေတာဘယ်လိုမှကိုပြောမရ ။ရေချိုးခန်းတံခါးကို အတွင်းဘက်ကနေ chanyeol က တင်းတင်းဆွဲထားနေပြီး Baekhyunကတော့အပြင်ကနေ ခြေစုံကန်ပြီးကိုမရမကဆွဲဖွင့်နေတယ် ။
" ယောကျာ်းလေးအချင်းချင်းကို chanyeolကဘာဖြစ်နေတာလဲ တူတူချိုးရင်အချိန်ကုန်တောင်သက်သာသေးတယ် "
" မင်းနဲ့မို့လို့ကိုမချိုးတာကွာ Byun Baekhyunဆိုတဲ့ မင်းကိုကြောက်လွန်းလို့ကို မချိုးချင်တာ
အချိန်တွေကြာတယ် လွှတ်စမ်းပါ "ဘယ်ထဲက အားတွေထုတ်ပြီးဆွဲထားမှန်းကိုမသိ ။
သူအတွင်းကနေ အားကုန်ထုတ်ပြီး ပိတ်နေတာတောင် ဘယ်လိုမှ မရ ။
တော်တော်ကို စိတ်ဓါတ်ပြင်းပြပြီး ကိုယ်စွမ်းရှိသမျှကြိုးစားနေတာဒင်းက ။" မင်းလွှတ်မလားမလွှတ်ဘူးလား "
" ရေတူတူချိုးပြီး ရင်းနှီးမှုလေးရယူအောင်ပါchanyeolရာ
ကျွန်တော့်ကိုအမြင်မကြည်နေတာမလား
လုပ်စမ်းပါ "" ဘာရင်းနှီးမှုမှမယူဘူး မင်း မလွှတ်ရင် ငါ အလုပ်ထုတ်ပြစ်မှာနော် "
" chanyeolကစိတ်ဓါတ်ပဲ လွှတ်မယ်လွှတ်မယ် "
အချိန်ကုန်သက်သာအောင်လဲလုပ်ပေးရသေးတယ် ။
အလုပ်ထုတ်မယ်လေးဘာလေးနဲ့Park Chanyeolကအကျင့်ကိုပုတ်တယ် ။
Sehunဆို အိမ်လာတာနဲ့တူတူချိုးနေကြပဲကို ။" ထွက်ရဲထွက်လာကြည့် ဆွဲချွတ်ပြစ်မယ် "
အရှက်သည်းနေတဲ့Park Chanyeol ကို ရေချိုးခန်းအဝမှာ baekhyunတစ်ယောက် ငုတ်တုတ်ထိုင်စောင့်နေတယ် ။
ရေချိုးခန်းထဲက ထွက်လာပြီဆိုတာနဲ့ သဘက်ကို
အလင်းရဲ့အလျင်နဲ့ဆွဲချွတ်ပြီးကို အိမ်ပြင်ထွက်ပြေးပစ်မယ် ။ သတ္တိရှိရင်လိုက်ခဲ့ပဲ ။baekhyun အကြံကိုမသိတဲ့ chanyeolကတော့
ခေါင်းတွေပါလျှော်ပြီး အေးအေးဆေးဆေးရေချိုးနေရဲ့ ။